Connect with us

Asia

အိန္ဒိယနိုင်ငံရှိ ဓာတုစက်ရုံတွင် ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဓာတုစက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ Dhule ခရိုင်၊ Shirpur စက်မှုနယ်မြေရှိ ဓာတုစက်ရုံတွင် သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းက ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဓာတုပစ္စည်းထုတ်လုပ်သည့် စက်ရုံအတွင်း၌ လူအချို့ပိတ်မိနိုင်ဖွယ်ရှိနေသဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ပြောကြားချက်အရ သိရသည်။

ဒဏ်ရာရသူများအား ခရိုင်ခွဲဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စိုးရိမ်ဖွယ် အခြေအနေရှိသူများအား ပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား မီးသတ်ကား ၂၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အန္တရာယ်ရှိသော မီးခိုးငွေ့များ ပတ်လည်ဝိုင်းလျက်ရှိသည့် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ ပြင်းထန်သည့်အတွက် တုန်ခါမှုအား စက်ရုံအနီးဝန်းကျင်ရှိ ကျေးရွာများမှလည်း ခံစားရကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.