Connect with us

Asia

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ဆကီ နာကာ-ကာလာနယ်မြေက ခိုင်ရန်နီလမ်းမပေါ်က Bhanu Farsan ဈေးဆိုင် မီးလောင်ကျွမ်းပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဈေးဆိုင်တစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်) မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“မွမ်ဘိုင်းမြို့ ဆကီ နာကာ-ကာလာနယ်မြေက ခိုင်ရန်နီလမ်းမပေါ်က Bhanu Farsan ဈေးဆိုင်မှာ ဒီနေ့မနက် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့ ဈေးရောင်းဖို့ ပြင်ဆင်ထားတဲ့ စားပွဲတွေနဲ့ ပရိဘောဂတွေ မီးလောင်ကျွမ်းခဲ့တယ်။ အလုပ်သမားတွေလဲ အထဲမှာ ပိတ်မိနေကြတယ်” ဟု အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ မီးသည် မိနစ်ပိုင်းအတွင်း တစ်ဆိုင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းခဲ့ပြီး ယင်း ဈေးဆိုင် အဆောက်အဦလည်း ပြိုကျသွားခဲ့ကြောင်း သိရသည်။ “လူ ၁၂ ယောက်က နေရာမှာပဲ ပွဲချင်းပြီး သေသွားခဲ့ပြီး ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတွေဆီကို မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အပျက်အစီးများအကြား အလုပ်သမား ၆ ဦးခန့် ပိတ်မိနေသေးကြောင်း၊ လက်ရှိတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အထက်ပါ အရာရှိက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ယင်းအရာရှိက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.