Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် လူ ၂၆ ဦးသေဆုံး၊ ၄၆ ဦး ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Kai-Tak ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာလ ၁၆ ရက်က အပူပိုင်းမုန်တိုင်း အဆတ်မပြတ် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၆ ဦး ပျောက်ဆုံးနေကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမျိုးသား သဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲမှု (NDRRMC) မှ ပြောခွင့်ရပုဂ္ဂိုလ် Romina Marasigan က ဖိလစ်ပိုင် အလယ်ပိုင်းပြည်နယ်များဖြစ်သော Biliran, Leyte, Samar နှင့် Samar အရှေ့ပိုင်းတွင် အပူပိုင်းမုန်တိုင်း Kai-Tak ကြောင့် မြေပြိုကျမှု ၁၇ ခုထက်မနည်းဖြစ်ပွားခဲ့ပြီး လူအများဆုံး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လူသေဆုံးရခြင်း အကြောင်းရင်းအများစုက မြေပြိုတာကြောင့်နဲ့ ရေနစ်တာတွေကြောင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူများမှာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Romblon ပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်ကတွင် အပူပိုင်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ နေရာ အတော်များများသို့ ရေကြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း NDRRMC ထံမှ သိရသည်။

ရေလွှမ်းမှုကြောင့် နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သော Boracay ကျွန်းတွင် နိုင်ငံခြားသားဧည့်သည် ၁၂၀၀ ခန့် သောင်တင်နေခဲ့သည်ဟု ဆိုသည်။

ယင်း မုန်တိုင်းကြောင့် Boracay ကျွန်းတွင် ၉၀ ရာခိုင်နှုန်း ရေလွှမ်းသွားခဲ့ကြောင်း Malay သဘာဝဘေး လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက တင်ပြခဲ့သည်။

အပူပိုင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များနှင့် သင်္ဘော ခရီးစဉ်များစွာ ပယ်ဖျက်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.