Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား အနည်းဆုံး လူ ၃၅ ဦး သေဆုံး

ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိ သော အရက်တု များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် နှင့် Uttarakhand ပြည်နယ် တို့တွင် လတ်တလောရက်ပိုင်း အတွင်း အရက်တု အဆိပ်သင့်မှုများ ဖြစ်ပွား ခဲ့ရာ အနည်ဆုံး လူ ၃၅ ဦး သေဆုံး ခဲ့ပြီး လူအများ ဆေးရုံ သို့ ပို့ဆောင်ခဲ့ရကြောင်း အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်အရ Uttarakhand ပြည်နယ် အစိုးရ အဖွဲ့ဝင် ၁၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး တို့က အရက်တု အဆိပ်သင့်မှု နှင့် ပတ်သက်၍ ရာထူး မှ ရပ်ဆိုင်ခြင်း ခံခဲ့ရကြောင်း ၊ Uttarakhand ပြည်နယ် အုပ်ချုပ်ရေးမှု က သေဆုံးသူ မိသားစု များထံ သို့ တစ်ဦးလျှင် ရူပီး နှစ်သိန်း ပေးအပ်ခဲ့ပြီး အရက်တု ရောင်းချသူများအား ပြင်းထန်စွာ အရေးယူသွားရန် ညွှန်ကြား ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ ကျေးလက်ဒေသများတွင် မကြာခဏ လူအများ အစုလိုက် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား လေ့ရှိကြောင်း ၊ ယင်းအရက်တု များ က စက်ရုံသုံး အရက်ပြန်များ ရောနှောထားသဖြင့် သေဆုံးသည့် အထိ အဆိပ်သင့်နိုင်ကြောင်း ၊ အိန္ဒိယ နိုင်ငံ အစိုးရ အနေဖြင့် မကြာခဏ အရက်တု ရောင်းချမှု အား တားဆီးရန် အမိန့်ကြေညာချက်များ ထုတ်ပြန်လေ့ရှိသောလည်း ထိန်းချုပ်မှု အားနည်းသောကြောင့် အလားတူ ကိစ္စရပ်များ မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.