Connect with us

Asia

တရုတ်နှစ်ကူးကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွား ၉၃ဝ,ဝဝဝ ကျော်လည်ပတ်ခဲ့

ကမ္ဘောဒီးယားနိုင်ငံရှိ အန်းကောဝတ်ဘုရားကျောင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နှစ်ကူးကာလ သုံးရက်တာအတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်တွင်းပြည်ပခရီးသွား ၉၃ဝ,ဝဝဝ ဦးထိ လည်ပတ်ခဲ့ကြရာ ၈.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခရီးသွားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။

ပွဲတော်ကာလတွင် ပြည်တွင်းခရီးသွား ၈၂၆,၇၆၁ ဦး နိုင်ငံအတွင်း လည်ပတ်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် ကမ္ဘာလည့်ခရီးသွား ၁ဝ၅,၃၇ဝ ဦးလာရောက်လည်ပတ်ခဲ့ရာ ၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာဒီးယားနိုင်ငံအတွင်း လည်ပတ်ကြသူများသည် နိုင်ငံအနောက်မြောက်ပိုင်းရှိ စီယံရိဒ်(Siem Reap) အန်းကောဝတ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ အရှေ့တောင်ပိုင်းပြည်နယ် လေးခုကို ဆက်သွယ်ပေးထားသည့် အရှည် ၄၄ဝ ကီလိုမီတာရှိ ကမ်းခြေတစ်လျှောက် နှင့် အရှေ့မြောက်ပိုင်းပြည်နယ်များအတွင်းရှိ သဘာဝခရီးသွားနေရာများသို့အများဆုံးလည်ပတ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူး(သို့မဟုတ်) နွေဦးပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံ၌ အစိုးရရုံးပိတ်ရက် မဟုတ်သော်လည်း နိုင်ငံအတွင်း၌ လူပေါင်းများစွာ ဆင်နွှဲခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန်က နိုင်ငံ့ဝန်ထမ်းများစွာ နှင့် ဖနွမ်းပင်မြို့ရှိ ပြည်သူများစွာသည် နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ဖေဖော်ဝါရီ ၅ တွင်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.