Connect with us

Asia

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း  အအေးဆုံး ဆောင်းရာသီ အဖြစ် မှတ်တမ်းဝင်

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မီးလှုံနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ယခုနှစ် ဆောင်းရာသီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အတွက် နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း အချမ်းအေးဆုံး နှစ် တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြို့တော်၏ အပူချိန်သည် ၂ဒသမ၄ ဒီဂရီ စင်တီ ဂရိတ် အောက်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

လာမည့်ရက်များတွင်  အပူချိန် ထပ်မံ ကျဆင်းမည်ဟု သိရပြီး အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသများနှင့် ဒေလီမြို့တို့၌ လာမည့် နှစ်ရက် အတွင်း မိုးရွာသွန်းဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။ဒီဇင်ဘာ ၂၇ ရက်တွင် အနိမ့်ဆုံး အပူချိန်မှာ ၄ ဒသမ ၂ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ကြောင်း သိရသည်။အိန္ဒိယ နိုင်ငံ မိုးလေဝသ ဌာန(IMD) ၏ ထုတ်ပြန်ချက်တွင်  ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် အနိမ့်ဆုံး အပူချိန်မှာ ၂ ဒသမ ၄ ဒီဂရီ စင်တီဂရိတ်ဖြင့် မှတ်တမ်းဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မီးလှုံနေသည့် သက်ကြီးရွယ်အို တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ နေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ နေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသများ ဖြစ်သည့်  ဒေလီမြို့ အပါအဝင် ၊ ပန်ဂျပ် ၊ ဟာရီယားနား ၊ ချန်ဒီဂါး ၊ ဉတ္တပရာဒက်ရှ် နှင့် ရာဂျပ်စတန် တို့တွင် နံနက်အစောပိုင်းမှ စတင်၍ မြူခိုးများ ထူထပ်စွာ ကျဆင်းလျက် ရှိကြောင်း သိရသည်။ဒေလီမြို့နှင့် အနီးတစ်ဝိုက်တွင် ၁၉၀၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ယခုနှစ် ဒီဇင်ဘာလသည် ဒုတိယ အအေးဆုံး ဒီဇင်ဘာလ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၉၁၉ ၊ ၁၉၂၉ ၊ ၁၉၆၁ နှင့် ၁၉၉၇ ခုနှစ် စသည့် နှစ်များတွင်သာ ဒီဇင်ဘာလသည် အမြင့်ဆုံး အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းခဲ့ကြောင်း အိန္ဒိယ နိုင်ငံ မိုးလေဝသ ဌာန အရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ကြသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.