Connect with us

Asia

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ကြက်သွန်နီများတင်ဆောင်လာသော ထရပ်ကား ပြန်ပေးဆွဲခံရ

အိန္ဒိယနိုင်ငံတွင် ထရပ်ကားပေါ်သို့ ကြက်သွန်နီအိတ်များ တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာသော ထရပ်ကားတစ်စီး ပြန်ပေးဆွဲခံရပြီးနောက် ကြက်သွန်နီများ လုယက်ခံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ကြက်သွန်နီ ၅ တန် တင်ဆောင်လာသော ထရပ်ကားတစ်စီးမှာ ဒီဇင်ဘာ ၂၆ ရက်က ညပိုင်းက ဘီဟာပြည်နယ် မြို့တော် ပတ်နာ၏ အနောက်ဘက် ၁၇၃ ကီလိုမီတာခန့်အကွာ၊ ကိုင်မာခရိုင် မိုဟာနီယာမြို့ ဂရင်းထရန့်လမ်းဟောင်းပေါ်တွင်  ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ 

“ဒီဇင်ဘာ ၂၆ ရက် ည ၁၀:၃၀ နာရီက အယ်လ်လာဟာဘတ်မှ ဂျဟာနာဘတ်သို့ ဦးတည်သွားနေတဲ့ ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာတဲ့ ထရပ်ကားကို ကားတွေနဲ့လာတဲ့အမျိုးသားတစ်စုက ရပ်တန့်ခိုင်းခဲ့တယ်။ ပြီးတော့ ယာဉ်မောင်းကို အတင်းဆွဲချပြီး ကားထဲမှာ ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့တယ်” ဟု မိုဟာနီယာရှိ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

“နောက်ပိုင်းမှာ ပြန်ပေးဆွဲသမားထဲက တစ်ယောက်က ကြက်သွန်နီတင်ထရပ်ကားကို မသိတဲ့နေရာတစ်ခုစီ မောင်းသွားပြီး ကြက်သွန်နီတွေကို ချခဲ့တယ်။ ပြီးတော့ ဘာမှမရှိတော့တဲ့ထရပ်ကားကို ယာဉ်မောင်းစီ ပြန်ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းအမှုကို စုံစစ်းစစ်ဆေးနေကြောင်းနှင့် မည်သူ့ကိုမျှဖမ်းဆီးထားခြင်းမရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောခဲ့သည်။

မြို့တော် နယူးဒေလီ အပါအဝင် အိန္ဒိယရှိ ပြည်နယ်များစွာ၌ ကြက်သွန်နီဈေးမှာ မြင့်မားနေပြီး ကြက်သွန်နီ ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉ ဒေါ်လာ (INR ၁၂၀) ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.