Connect with us

Asia

တရုတ်ကုမ္ပဏီက သီရိလင်္ကာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသောကျေးရွာလေး၌ ကူညီထောက်ပံ့မှုများ တစ်ဖက်တစ်လမ်း ဆောင်ရွက်ပေး

CICT ကုမ္ပဏီဝန်ထမ်းများက သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ဖာ့နီလာကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

ကိုလံဘို၊ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

China Merchants Group၏   Colombo International Container Terminals Limited(CICT)ကုမ္ပဏီဝန်ထမ်းများသည်  ဒီဇင်ဘာ ၂၇ ရက်က သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ဖာ့နီလာကျေးရွာသို့သွားရောက်၍ ဆင်းရဲနွမ်းပါးမှုကူညီထောက်ပံ့ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ကျေးရွာရှိကျောင်းသားကျောင်းသူ ကလေးငယ်များကို ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း သက်ကြီးရွယ်အို အဘိုးအဘွားများအား ကျန်းမာရေးဆေးဝါးပစ္စည်းများအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ကုမ္ပဏီဝန်ထမ်းများက ကျောင်းဖွင့်ရာသီကျောင်းတက်တော့မည့် ကျောင်းသားကျောင်းသူ ၃၀၀ ခန့်အား လွယ်အိတ်နှင့်စာရေးကိရိယာပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့ပြီး ကျေးရွာရှိ အသက် ၇၀နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွား ၁၀၀ ကျော်အတွက် အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးဆေးဝါးပစ္စည်းများကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 CICT ကုမ္ပဏီဝန်ထမ်းများက သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ဖာ့နီလာကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ) 

“ကျွန်တော်က ဖာ့နီလာကျေးရွာကပါ။ ယခင်က သမီးကျောင်းဖွင့်ချိန်ရောက်တိုင်း ငွေချေးပြီးကျောင်းသုံးပစ္စည်းဝယ်ရတယ် ။ ဖာ့နီလာကျေးရွာက China Merchants Group   ရဲ့ ပိုးလမ်းမ မေတ္တာရေစင်ကျေးရွာ စီမံကိန်းတွင် ပါဝင်ပြီးနောက် ကျွန်တော်အပါအ၀◌င် ကျေးရွာသူကျေးရွာသားများက ကလေးငယ်များ၏ ကျောင်းသုံးပစ္စည်းများအတွက် ပူပန်စရာမလိုတော့”ဟု ဂျာရာစီလီက ဆိုသည်။ 

 CICT ကုမ္ပဏီဝန်ထမ်းများက သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ဖာ့နီလာကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ) 

ဂျာရာစီလီ၏သမီးဖြစ်သူ ဆာ့ဒီဇာက  “ကျောပိုးအိတ်အသစ်၊စာရေးကိရိယာအသစ်လေးတွေရာတော့ အရမ်းဝမ်းသာတယ် ။ သမီးသူငယ်ချင်းတွေလည်း ကုမ္ပဏီကပေးတဲ့ ဒီလက်ဆောင်လေးတွေရတယ်။ ကျောင်းဖွင့်တာကို မျှော်နေပြီ”ဟု ဝမ်းသာအားရ ဆိုပါသည်။အသက် ၇၃ နှစ်အရွယ် အဘွား အာဘေ့ခက်လက်မာကလည်း “အဘွား ဒီမှာနေတာ နှစ် ၄၀ နီးပါးရှိပြီ။ ဒီလိုမျိုးကူညီစောင့်ရှောက်မှုပေးတဲ့ ကုမ္ပဏီလုပ်ငန်းက နည်းပါတယ်”ဟု  ပြောသည်။ ကျေးရွာတွင် ကျင်းပသည့် လှူဒါန်းပေးအပ်ပွဲအခမ်းအနားတွင် ကျေးရွာသူကျေးရွာသား ၂၀၀၀ နီးပါး ကိုယ်စား ဖာ့နီလာကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ကူနာထီလာခက်က  ကုမ္ပဏီသည် ကျေးရွာဒေသခံများ၏ အမှန်တကယ်လိုအပ်မှုကို သိရှိကာ ယခုကဲ့သို့ လှူဒါန်းပေးအပ်သည့်အတွက် အထောက်အပံ့ဖြစ်ကာ ပစ္စည်းလက်ခံရရှိသူများအနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ပြောကြားခဲ့သည်။

CICT ကုမ္ပဏီ၏ ဘဏ္ဍာရေး ဒါရိုက်တာ မုနန်က ပညာရေးသည့် ကျေးရွာဖွံ့ဖြိုးရေး၏ အဓိကဖြစ်ရာ ကျောင်းသားကလေးငယ်များပညာရေးကဏ္ဍတွင် ပါဝင်ကူညီပြီး ကျေးရွာဖွံဖြိုးရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုနှင့် ၅၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် ဖာ့နီလာကျေးရွာ China Merchants Group၏ ပိုးလမ်းမ မေတ္တာရေစင်ကျေးရွာစီမံကိန်းတွင် ပါဝင်ရာ China Merchants Group၏ သီရိလင်္ကာရှိ ပထမဆုံး ဆင်းရဲနွမ်းပါးမှုကူညီထောက်ပံ့ရေး ကျေးရွာဖြစ်ကြောင်း သိရသည်။ အဆိုပါ မေတ္တာရေစင်ကျေးရွာစီမံကိန်းသည်  ဆင်းရဲနွမ်းပါးသောကျေးရွာများသို့ သွားရောက်ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကျေးရွာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.