Asia
အိန္ဒိယ အနောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် ငါးဦးသေ၊ အယောက် ၅၀ ဒဏ်ရာ ရရှိ
နယူးဒေလီ၊ မတ်၂၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ် တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး အယောက်၅၀ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက မတ်လ ၂၇ ရက်တွင် ပြောကြား ခဲ့သည်။
၎င်းက ပြည်နယ်၏ Jodhpur ဒေသရှိ အဝေးပြေး လမ်းမတစ်ခုတွင် မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ဘတ်စ် ကားတစ်စီးနှင့် ဆီတင် ယာဉ်တစ်စီး တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ပင် လူငါးဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများအား ဒေသတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
ရဲအရာရှိက ယာဉ်တိုက်မှု တွင် ပါဝင်ခဲ့သူ အားလုံးသည် အိမ်နီးချင်း ပြည်နယ် တစ်ခုဖြစ်သည့် Gujarat မှ ဘတ်စ်ကား ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)