Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ

အရေးပေါ် ဆင်းသက်ခဲ့ရသည့် ခရီးသည်တင် လေယာဉ် AI-620 အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် မတ်လ ၂၈ ရက်က ခရီးသည် ၁၂၀ ဦး တင်ဆောင်လာသည့် ခရီးသည်တင် လေယာဉ် တစ်စီး၏ လေယာဉ်ဘီးနားတွင် မီးခိုးထွက်နေသည်ဟု အာရုံခံ ကိရိယာက သိရှိပြီးနောက် မွမ်ဘိုင်း လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ပြည်တွင်း မီဒီယာများက ပြောကြားခဲ့သည်။

ခရီးသည် ၁၂၀ ဦးနှင့် လေယာဉ်ဝန်ထမ်း အားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

Air India လေယာဉ် AI-620 သည် Hyderabad မြို့ မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး မွမ်ဘိုင်း လေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင် နေစဉ်မှာပင် မီးခိုးထွက်နေသည်ဟု အာရုံခံ သိရှိခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပြောကြား ချက်များအရ အရေးပေါ် ဆင်းသက်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကို ရှောင်လွှဲနိုင်ခဲ့ပြီး ချို့ယွင်းချက်များကို ရှာဖွေနိုင်ရန် အတွက် လေယာဉ်အား စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လေယာဉ်ပေါ်မှ ခရီးသည် အားလုံးကို လေဆိပ်ရှိ ဆိုက်ရောက်ဌာန ၌ နေရာ ချထားပေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.