Connect with us

Asia

လာဟိုးမြို ့အသေခံဗုံးခွဲမှုတွင် ၆၉ ဦးသေ ၊ ၃ဝဝ ကျော် ဒဏ်ရာရ

အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် အပျက်အစီး အပိုင်းအစများနှင့် လူသေ အလောင်းအချို့ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလန်မာဘတ် ၊ မတ် ၂၈ ရက် ( ဆင်ဟွာ )

ပါကစ္စတန်နိုင်ငံ အရှေ့ဖက်ရှိ လာဟိုးမြို့တွင် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှု၌ အနည်းဆုံး လူပေါင်း ၆၉ ဦး သေဆုံးပြီး ၃ဝဝ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာ ရသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး ကလေးငယ်များ အနက် သေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၅၆ ဦး ထိရှိကြောင်း လာဟိုးမြို ့ဒုတိယ ရဲအရာရှိ ဗိုလ်ကြီး အူစမန် က ဆိုသည်။ ယခုအခါ ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အကြမ်းဖက်သမားသည် မြို့လယ် ပန်းခြံအနီးရှိ ကားပါကင်ထဲတွင် ၎င်းကိုယ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲချုပ် Haider ကပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာသည် ကလေးငယ်များ ရေကူးနေသောနေရာနှင့် ပန်းခြံ လက်မှတ် အရောင်းစင်တာအနီး နေရာမျိုး ဖြစ်သောကြောင့် လူအစည်ကားဆုံး နေရာဖြစ်သည် ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။ ထို့ပြင် ရုံးပိတ်ရက် တနင်္ဂနွေနေ့မျိုး ဖြစ်နေသဖြင့် လူနည်းစု ခရစ်ယာန် ဘာသာဝင်များလည်း အီစတာ ပွဲတော်ကို ဆင်နွဲရန် ပန်းခြံထဲသို့အများအပြား ရောက်ရှိနေကြောင်း သိရသည်။
ပါကစ္စတန် တာလီဘန် Tehrik-e အကြမ်းဖက်အဖွဲ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားပြီး ပန်းခြံထဲတွင် ဘာသာရေး ပွဲတော် ဆင်နွှဲနေကြသည့် ခရစ်ယာန် ဘာသာဝင်များကို ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထပ်မံ ပြောကြားထားသည်။
ပါကစ္စတန်နိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားရာတွင် အကြမ်းဖက်သမားသည် အလေးချိန် ၁ဝ ကီလိုဂရမ်ရှိ ပေါက်ကွဲစေတက်သော သတ္တုများကို ၎င်း၏ ခန္ဓာကိုယ်အတွင်း လျှို့ဝှက် သယ်ဆောင်လာပြီး ပန်းခြံထဲတွင် အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော လာဟိုးမြို့လယ် ပန်းခြံကို ပိတ်ထားပြီး မြို့ခံ ပြည်သူများ ကိုလည်း လုံခြုံရေးသတိရှိကြရန် ပါကစ္စတန် ရဲတပ်ဖွဲ့ကသတိပေးထားကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.