Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်းတွင် ဓါတ်ဆီဗုံးပေါက်ကွဲမှုကြောင့် လူ၈ဦးသေဆုံး

အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ် တွင် ဧပြီ ၂၂ ရက် က ဓါတ်ဆီဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၈ဦးထက်မနည်း သေဆုံးပြီး လူ ၄ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ရဲအရာရှိက “ဒီနေ့ နေ့လည်ပိုင်းက ပြည်နယ် ရဲ့ Birbhum ခရိုင် Tarka ရွာ မှာရှိတဲ့ နေအိမ်တစ်လုံးမှာ ဗုံးတွေပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အချို့ဟာ အခြေအနေဆိုးရွားတဲ့အတွက် သေဆုံးသူဦးရေ များလာနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။ရဲအရာရှိ၏ပြောကြားချက်အရ Tarkar ရွာနဲ့ အိမ်နီးချင်း Darbarpur ရွာ ရှိ မာဖီယားဂိုဏ်းများ အပြန်အလှန် တိုက်ခိုက်ရန် အဆိုပါ ဗုံးများအား ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိက “ဒီမာဖီးယားဂိုဏ်းတွေဟာ တရားမဝင် သဲတွင်းတွေကို ပိုင်ဆိုင်ဖို့အတွက် တစ်ဖက်နဲ့တစ်ဖက် ဓါတ်ဆီဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ယင်းတိုက်ခိုက်မှုတွေကြောင့်ပဲ ရွာသားအများစုဟာ ရွာကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြပါတယ်။ အခုသေဆုံးသွားတဲ့ လူတွေဟာ မာဖီးယားဂိုဏ်း နှစ်ခုအထဲက တစ်ခု အတွက် ဗုံးတွေ ထုတ်လုပ်ပေးနေတာပါ” ဟုပြောကြားခဲ့သည်။ပြည်တွင်းရုပ်သံလိုင်းများက ထုတ်လွှင့်ချက်အရ ဗုံးပေါက်ကွဲမှုသည် ပြင်းထန်လွန်းသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများပင် ပြတ်ထွက်သွားခဲ့ပြီး နေရာတစ်လျှောက် လွင့်စင်ကုန်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်အများအပြား အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး တရားမဝင် မာဖီးယားဂိုဏ်း နှစ်ခုမှ အဖွဲ့ဝင်များအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။Birbhum ခရိုင် ရှိ Labhpur ဧရိယာ တွင် လူ ၇ဦးသေဆုံးခဲ့သည့် ဓါတ်ဆီဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ရက်အကြာတွင် ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.