Connect with us

Asia

ရုရှားရေတပ်မှ စစ်သင်္ဘောများ ဖိလစ်ပိုင်နိုင်ငံသို့အလည်အပတ်ခရီးစဉ်အဖြစ်ရောက်ရှိလာ

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာသော ရုရှားရေတပ်မှ စစ်သင်္ဘောများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဧပြီ ၂ဝ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ ဒုံးကျည်တပ်ဆင်ထားသော ခရူဆာစစ်သင်္ဘော Varyag နှင့် ဧရာမ ပင်လယ်-ဆီတင်သင်္ဘော Pechenga တို့သည် လေးရက်ကြာ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ သို့ ယနေ့( ဧပြီလ ၂ဝ ရက် ) တွင် ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံရေတပ်မတော် ပြည်သူ့ဆက်ဆံရေးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ကြီး Lued Lincuna က အဆိုပါ သင်္ဘောနှစ်စင်းသည် ရုရှားရေတပ်၏ ပစိဖိတ်ရေယာဉ်အုပ်စု အစိတ်အပိုင်းတွင် ပါဝင်သည့် သင်္ဘောနှစ်စင်းဖြစ်ကြောင်း နှင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့လာရောက်လည်ပတ်သည့် ရုရှားရေတပ်၏ ဒုတိယအသုတ် စစ်သင်္ဘောများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ရုရှားရေတပ်သည် ဖိလစ်ပိုင်ရေတပ်နှင့်အတူ ပူးတွဲ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် ဧပြီလ ၂၂ ရက်တွင် ဒုံးကျည်တပ်ဆင်ထားသော Varyag စစ်သင်္ဘောပေါ်သို့တက်ရောက်လည်ပတ်မည့် ခရီးစဉ်တစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

Varyag စစ်သင်္ဘောကို ရုရှားနိုင်ငံ ရေတပ်၏ ပစိဖိတ်ရေယာဉ်အုပ်စုမှ ၁၉၇၉ ခုနှစ်တွင် ရေချခဲ့ကြောင်း နှင့် ၁၉၈၉ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ်ရေယာဉ်ဖြစ်သည့် Admiral Tributs နှင့် ဧရာမ ပင်လယ်-ဆီတင်သင်္ဘော Boris Butoma တို့သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။

ထိုစဉ်က ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ်သင်္ဘောပေါ်သို့သွားရောက်လည်ပတ်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇွန်လ ၃ဝ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရာထူးဆက်ခံခဲ့သည့် ဒူတာတေးသည် ဖိလစ်ပိုင် – ရုရှား နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်လျက်ရှိသည်။

ဒူတာတေးသည် လာမည့် မေလတွင် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်ရန် ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ အဆိုပါ ရုရှားနိုင်ငံခရီးစဉ်အတွင်း ဒူတာတေးသည် အစိုးရအချင်းချင်းအကြား စစ်တပ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို လက်မှတ်ရေးထိုးသွားရန် ရှိကြောင်း မျှော်လင့်ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.