Connect with us

Asia

အိန္ဒိယ အရှေ့ပိုင်း ဟိန္ဒူ ဘုရားကျောင်းအတွင်း လူအုပ်ပိမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဘေရန်နိဒမ် ဟိန္ဒူ ဘုရားကျောင်း (ဓာတ်ပုံ- Deohgar District Government)

နယူးဒေလီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန် ဒေါင်ဟာ ဒေသ၊ ဘယ်လာဘန်ဂန် ဧရိယာရှိ ဒါရ်ဂါ နတ်ဘုရားမ ကျောင်းဝင်း အတွင်း တနင်္လာနေ့ အစောပိုင်းမှာ လူအုပ် ပိကျမှုကြောင့် အနည်းဆုံးလူ ၁၁ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ ကပြောသည်။

မြင့်မြတ်သော ဆဗန်း လတွင် ထောင်ပေါင်းများစွာသော ဟိန္ဒူ ဘာသာဝင်များသည် ဘေရန်နိဒမ် ဘုရားကျောင်းတွင် ရှိသော ရှီဗာ နတ်ဘုရားအား ဝတ်ပြုရန်နှင့် ရေကပ်လှူရန် လာရောက်ကြစဉ်တွင် ယခုလို လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အာရှ နယူးစ် အင်တာနေရှင်နယ် ကပြောပါသည်။

နတ်ဘုရားရုပ် တု ထံသို့ ဦးတည်ပြီး တိုးဝှေ့နေသော လူအုပ်ကြီး ထဲမှ လူတချို့က ကျော်တက်ရန် ကြိုးစားနေပြီး ရဲက လူအုပ်ကြီးအား မထိန်းနိုင် ဖြစ်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားပါသည်။

လူဦးရေ ၁၀၀,၀၀၀ ကျော် ရှိသော လူတန်းကြီးသည် နာမည်ကျော် ဘေရန်နိ ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်ရန် တနင်္ဂနွေနေ့ည ကတည်းက စောင့်ဆိုင်းနေခဲ့ ကြခြင်းဖြစ်သည်။

ဟိန္ဒူ ပြက္ခဒိန်၏ ဆဗန်း လအတွင်း ဘေရန်နိ ဘုရားကျောင်းသို့ လူပေါင်း သုံးသိန်းကျော် လာရောက် ဝတ်ပြုကြသည်။

တနင်္လာနေ့များတွင်တော့ လာရောက်သူဦးရေ မြင့်တက်လေ့ရှိပြီး လူပေါင်း နှစ်သိန်း ဝန်းကျင် ဝတ်ပြု ကိုးကွယ်ကြကြောင်း သိရပါသည်။ဒဏ်ရာ ရရှိသူများသည် ဒေါင်ဟာရှိ စန္ဒာဆေးရုံ၌ ကုသမှု ခံယူ လျက်ရှိကြောင်း သိရသည်။
လူအုပ်ပိမှုများသည် ဟိန္ဒူဘုရားပွဲတော် များအတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.