Connect with us

Asia

ရုရှား နိုင်ငံ တွင် ရေပေါ် လေယာဉ် နှင့် ရဟတ်ယာဉ် တို့ ထိတိုက်မှု ဖြစ်ပွားရာမှ ၆ ဦးသေဆုံး

ရုရှား နိုင်ငံ မှ Be-103 ရေပေါ် လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်

မော်စကို ၊ သြဂုတ် ၉ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ တွင် ပုဂ္ဂလိက ပိုင် ရေပေါ် လေယာဉ် တစ်စင်း နှင့် အသေးစား ရဟတ်ယာဉ် တစ်စင်း တို့သည် သြဂုတ်လ ၈ ရက်နေ့ညပိုင်း တွင် ရေကာတာ တစ်ခု ကောင်းကင် တွင် ထိတိုက်မှု ဖြစ်ပွား၍ လက်ရှိချိန် တွင် ၆ ဦးသေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာ နေရာသည် ရုရှား နိုင်ငံ မော်စကို ပြည်နယ် အတွင်းရှိ အစ်ထရီးယား ရေကာတာ ၏ ကောင်းကင် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လေယာဉ် နှစ်စင်း ပေါ်တွင် စုစုပေါင်း ခရီးသည် ၉ ဦးပါရှိခဲ့ပြီး ရေပေါ်လေယာဉ် ပေါ်တွင် မိသားစု ၅ ဦး လိုက်ပါ ခဲ့ကြောင်း သိရှိရသည်။ လက်ရှိချိန် တွင် ရုရှား နိုင်ငံ အရေးပေါ်အခြေအနေ ဌာန မှ အခင်းဖြစ်ပွားရာ နေရာ တွင် ကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက် နေကြောင်း သိရှိထားရသည်။

ရုရှား နိုင်ငံ အရေးပေါ်အခြေအနေ ဌာန ပြောကြားချက်အရ အခင်းဖြစ်ပွားရာနေ့ ည ၈ နာရီ ဝန်းကျင်တွင် နေဝင်ချိန် ဖြစ်နေသောကြောင့် မြင်ကွင်း မသဲကွဲ၍ လေယာဉ် နှစ်စင်း ထိတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၊ ကနဦး စစ်ဆေးမှု များအရ ရေပေါ်လေယာဉ် သည် ရေပြင် မှ စတင် ပျံသန်းရန် ကောင်းကင် သို့ မြင့်တက် လာစဉ် တွင် အပေါ်ဘက် ရှိ ရဟတ်ယာဉ် တည်ရှိနေသည် ကို သတိ မထားမိ သဖြင့် ယာဉ် နှစ်စင်း မှာ ထိတိုက် မှု ဖြစ်ပွား ခဲ့ပြီး ရေပြင် သို့ ပျက်ကျ သွား ခဲ့ခြင်း ဖြစ်ကြောင်း သို့သော် သက်ဆိုင်ရာ ဌာန များမှ လည်း နည်းပညာ ပိုင်းချို့ယွင်းမှု ကြောင့် ဖြစ်ပွားခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့ကြသည်။

ရုရှား နိုင်ငံ မော်စကို ပြည်နယ် လေကြောင်း ထိန်းချုပ်ရေး ဌာန မှလည်း ခွင့်ပြုချက်မဲ့ ပျံသန်းမှု နှင့် မြေပြင်အထက် အမြင့်ပေ နိမ့်ကျ ပျံသန်းမှု များရှိမရှိ ကို စစ်ဆေးနေကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117