Asia
၈ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲများ ဆပ်ပေါ်ရိုမြို့တွင် ဖွင့်လှစ်
ဆပ်ပေါ်ရို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
၈ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲ (8th Asian Winter Games) ဖွင့်ပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ ၁၉ ရက် နေ့လည်ပိုင်းက ဂျပန်နိုင်ငံ ဆပ်ပေါ်ရို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အာရှ ဆောင်းရာသီ အားကစားပွဲအား ဆပ်ပေါ်ရိုမြို့တွင် ကျင်းပခဲ့သည်မှာ သုံးကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွက် ရေခဲပြင် စကိတ်စီး ပြိုင်ပွဲကို အော်ဘီဟိုင်းရိုးမြို့တွင် ပြုလုပ်မည် ဖြစ်သည်။
၈ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲများတွင် အားကစားနည်း ငါးမျိုး၊ စည်းကမ်းချက် ၁၁ ခု၊ ပြိုင်ပွဲပေါင်း ၆၄ ပွဲဖြင့် ကျင်းပမည် ဖြစ်ပြီး ယခင် ကျင်းပခဲ့ပြီးသည့် အားကစားပွဲများထက် အကြီးဆုံး ဖြစ်ကာ နိုင်ငံနှင့် ဒေသပေါင်း ၃၀ မှ ပါဝင်သူပေါင်း ၁,၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
အာရှ ဆောင်းရာသီ အားကစားပွဲသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ ကိုယ်စားပြု အဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)
ယခုနှစ်တွင် သြစတြေးလျနှင့် နယူးဇီးလန်မှ အားကစားသမားများလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့သည်။
ဂျပန်နိုင်ငံမှ အားကစားသမား ၁၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
တရုတ်နိုင်ငံမှ အားကစားသမား ၁၅၇ ဦး အပါအဝင် ကိုယ်စားလှယ် ၂၃၆ ဦး ပါဝင် တက်ရောက်ခဲ့ပြီး ပြိုင်ပွဲ ၆၄ ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
၇ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲများအား ကာဇက်စတန်နိုင်ငံ အယ်မတ်တီမြို့တွင် ကျင်းပခဲ့ပြီး အိမ်ရှင်နိုင်ငံက ပထမ၊ ဂျပန်က ဒုတိယ၊ တောင်ကိုရီးယားက တတိယနှင့် တရုတ်နိုင်ငံက စတုတ္ထနေရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)