Connect with us

Asia

ဒူတာတေး က ပြစ်မှုကျူးလွန်ခဲ့သည့် မှတ်တမ်းရှိသော ရဲဝန်ထမ်း ၃၀၀ ကို စစ်မက်ဖြစ်ပွားရာ ဒေသ တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်

ဖိလစ်ပိုင် သမ္မတ ဒူတာတေး အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Eduardo Ano က လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း မကောင်းမွန်သည့် ပြစ်မှုမှတ်တမ်းရှိသော ရဲဝန်ထမ်း ၃၀၀ ဦးကို ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း အစိုးရ ကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှု များပြားရာ Basilan ပြည်နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်စေမည့် သတင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် မီဒီယာ များထံသို့ အတည်ပြုပြောကြားခဲ့သည်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့သည် သမ္မတ ဒူတာတေး ၏ တောင်းဆိုမှု အရ Basilan ပြည်နယ် အတွင်း ရှိ Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ရှင်းလင်းမှု စစ်ဆင်ရေး ကို ဆောင်ရွက်နေပြီး ၎င်း ပြည်နယ် သည် Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ ၏ ဌာနချုပ် ရှိရာ ဒေသလည်း ဖြစ်သည်။ Abu Sayyaf လက်နက်ကိုင်တပ်ဖွဲ့ သည် IS အကြမ်းဖက်တပ်ဖွဲ့ ၏ လက်အောက်ခံဟုကြေညာထားသည့် အဖွဲ့အစည်း ဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နာမည်ခံယူကာ ဒေသတွင်း တိုက်ခိုက်မှုများ နှင့် အနုကြမ်းစည်းမှုများကို မကြာခဏ ဆောင်ရွက်လေ့ရှိသည်။

ဗိုလ်ချုပ်ကြီး Eduardo Ano က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် Basilan ပြည်နယ် လုံခြုံရေး ကို တာဝန်ယူ ဆောင်ရွက်ခြင်း အားဖြင့် အစိုးရ တပ်ဖွဲ့ မှ အစိုးရဆန့်ကျင်ရေး တပ်ဖွဲ့ များကို အားရုံစိုက်ကာ တိုက်ခိုက်နိုင်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီ လပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံရှိ ရဲဝန်ထမ်း အချို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလပိုင်း က မူးယစ်ဆေးဝါးရှင်းလင်းရေး ဟူသည့် နာမည်ခံဖြင့် ဖိလစ်ပိုင် နိုင်ငံ အတွင်းရှိ တောင်ကိုရီးယား ကုန်သည် တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး မိသားစု များထံ မှ ငွေကြေး တောင်းယူခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့သည်။ ယင်းအမှု ဖြစ်ပွားပြီးနောက်တွင် ဖိလစ်ပိုင် အစိုးရ မှ ရဲဝန်ထမ်း စည်းကမ်းလေ့လာစောင့်ကြည်ရေး ဌာန တည်ထောင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး မှလည်း တောင်ကိုးရီးယား နိုင်ငံ အစိုးရ ထံသို့ တောင်းပန် စကား ပြောကြား ခဲ့ရသည်။

ရဲတပ်ဖွဲ့အင်အား သည် ဒူတာတေး စတင်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါ ဆန့်ကျင်ရေး အတွက် အားကိုးရသည့် တပ်ဖွဲ့တစ်ခုဖြစ်ခဲ့သည်။သို့သော် တောင်ကိုရီးယား ကုန်သည် သတ်ဖြတ်ခံရမှု နှင့် အခြား ရဲတပ်ဖွဲ့၏ သတင်းဆိုးများထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဒူတာတေး ၏ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ကိုလျော့ကျစေခဲ့သည်။ လက်တလော ရက်ပိုင်းတွင် ဒူတာတေး က နိုင်ငံတော်ကို အရှက်သိက္ခာကျဆင်း စေသည့် ရဲတပ်ဖွဲ့အတွင်း မှ မကောင်းမွန်သူများကို စစ်မက်ဖြစ်ပွားသည့် ဒေသ ကို စေလွှတ်မည် ဟုလည်း ပြောကြား ခဲ့ဖူးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.