Connect with us

Asia

အိန္ဒိယနိုင်ငံက AIIB ဘဏ်၏ အများဆုံး ချေးယူသူဖြစ်လာ

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဆိုင်းဘုတ်အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှ အများဆုံး ချေးငွေယူသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ လွန်ခဲ့သည့် သုံးနှစ်အတွင်း စီမံကိန်းများတိုးချဲ့ရန် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ ချေးယူခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးဆိုင်ရာဦးစီးဌာန အတွင်းဝန် Subhash Chandra Garg က တရားဝင်ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

AIIB ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးအား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇွန်လ ၂၅ ရက်တွင် စတင်ကျင်းပခဲ့သည်။ နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးတွင် AIIB အနေဖြင့် “တီထွင်ဆန်းသစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ရည်မှန်းချက်နှင့်အတူ အခြေခံအဆောက်အအုံ အပေါ် အလေးထားဆွေးနွေးကြသည်။

နှစ်ပတ်လည်အစည်းအဝေးသို့ အဖွဲ့ ၈၆ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်ကို တွေ့ရသည်။

AIIB အနေဖြင့် အာရှ ပြင်ပရှိ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်လည်း စဉ်းစားနေကြောင်း AIIB ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အတွင်းရေးမှူး Sir Danny Alexander က ပြောကြားခဲ့သည်။

ထို့ပြင် အီဂျစ်နိုင်ငံတွင် ဆိုလာစွမ်းအင်စီမံကိန်းတစ်ခုအား AIIB က ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

AIIB အဖွဲ့ဝင်အဖြစ် အာရှဒေသနှင့် ဥရောပ၊ မြောက်အမေရိက၊ အရှေ့အာဖရိကနှင့် လက်တင်အမေရိကန်ရှိ အချို့နိုင်ငံများ စသည့် အာရှဒေသမဟုတ်သော နိုင်ငံများကလည်း မတည်ရင်းနှီးငွေ ၇၅ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.