Connect with us

Asia

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှုများ နှင့် မြေပြိုမှုများအတွင်း လူ သုံးဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေ


ဟနွိုင်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Lai Chau ပြည်နယ်တွင် ဇွန်လ ၂၃ ရက် နှင့် ၂၄ ရက်အတွင်း ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများအတွင်း ဒေသခံ သုံးဦးသေဆုံးကာ အခြားသုံးဦးပျောက်ဆုံးလျက်ရှိကြောင်း နှင့် လူ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါရေကြီးမှုများကြောင့် Than Uyen ခရိုင်းအတွင်းရှိ တံတားတစ်စင်း ရေစီးထဲမျော်ပါသွားကြောင်း ၊ Muong Te ခရိုင်အတွင်းရှိ ရေသွင်းရေထုတ် လုပ်ငန်းခွင် နှစ်ခုပျက်စီးသွားကြောင်း ၊ Lai Chau ပြည်နယ်အတွင်း စိုက်ပျိုးမြေ ဧကပေါင်းများစွာ ပျက်စီးသွားကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာထိ ရှိခဲ့ကြောင်း သိရသည်။

ရေကြီး ၊ မြေပြိုမှုဖြစ်ပွားနေသော ဗီယက်နမ်နိုင်ငံ Lai Chau ပြည်နယ်အားတွေ့ရစဉ်(ဆင်ဟွာ)

ရေကြီး ၊ မြေပြိုမှုဖြစ်ပွားနေသော ဗီယက်နမ်နိုင်ငံ Lai Chau ပြည်နယ်အားတွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ပထမ ငါးလတာကာလအတွင်း ဗီယက်နမ်နိုင်ငံ၌ သဘာဝဘေးဒဏ်ကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ရပြီး အခြား ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ လူနေအိမ်ပေါင်း ၁၁,ဝဝဝ နီးပါး ပျက်စီးမှု(သို့မဟုတ်)အဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရကြောင်း ၊ စပါး နှင့် အခြား သီးနှံ စိုက်ပျိုးမြေ ဧက ၆,၁ဝဝ ပျက်စီးခဲ့ကြောင်း ၊ ကွဲျနွား ကောင်ရေ ၈,၂ဝဝ နှင့် ကြက်ဘဲ ကောင်ရေ ၃,၅ဝဝ သေဆုံးခဲ့ရကြောင်း နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၅၄၄ ဘီလီယံ( အမေရိကန်ဒေါ်လာ ၂၄ သန်း ခန့်) ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းဇယားရုံးထံမှ သိရသည်။(Xinhua)