Connect with us

Asia

အိန္ဒိယနိုင်ငံတွင် သောက်သုံးရေစီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ AIIB ခွင့်ပြု

အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သင်္ကေတအား တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒတ်ပြည်နယ်ရှိ လူဦးရေ ၃.၃ သန်းခန့်အတွက် ဘေးကင်းစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် ရေပိုက်သွယ်ပို့မှုမှတစ်ဆင့် ဘေးကင်းစိတ်ချရသော သောက်သုံးရေ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ယင်းစီမံကိန်းမှာ အများသုံးရေပိုက်ခေါင်းမှ ရေများကို အဓိက သယ်ပို့နေရသော အမျိုးသမီးများနှင့် မိန်းကလေးများအား ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိစေမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းက ရေသယ်ပို့သည့် အလုပ်ကြောင့် အရေးပါသောအချိန်များစွာ ဆုံးရှုံးမှုကို သက်သာစေပြီး ထိုအချိန်များအား ပညာရေးကဲ့သို့ အကျိုးရှိသောလုပ်ငန်းများ၌ သုံးစွဲနိုင်မည် ဖြစ်သည်။“ရေသွယ်ပို့စနစ်တိုးချဲ့ခြင်းက အိန္ဒိယအစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ထဲမှာ အဓိကတစ်ခုဖြစ်ပါတယ်” ဟု AIIB ဒုတိယဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ D. J. Pandian က ပြောကြားခဲ့သည်။အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံတွင် ရေနှင့် သန့်ရှင်းမှု တိုးတက်ရန် ပေါင်းစည်းဖြေရှင်းမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ အိန္ဒိယအစိုးရနှင့် အန်ဒရာပရာဒတ်ရှ်ပြည်နယ်အစိုးရများအားဖြင့် AIIB နှင့် အစီအစဉ်များမှ ရန်ပုံငွေများ ရရှိမည်ဖြစ်သည်။

AIIB နှင့် အစီအစဉ်များမှ ရန်ပုံငွေများအား အိန္ဒိယအစိုးရနှင့် အန်ဒရာပရာဒတ်ရှ်ပြည်နယ်အစိုးရများအားဖြင့် ပေးအပ်မည်ဖြစ်သည်။အဖွဲ့ဝင်နိုင်ငံ ၈၀ ကျော်ဖြင့် ဖွဲ့စည်းထားသော AIIB သည် အာရှတွင် လူမှုရေးနှင့် စီးပွားရေးရလဒ်ကောင်းများ တိုးတက်စေရန် ရည်မှန်းချက်နှင့်အတူ ဘက်စုံပါဝင်သော ဘဏ်တစ်ခုဖြစ်သည်။ ဘဏ်ရုံးချုပ်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ထားရှိပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလက စတင်လည်ပတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.