Connect with us

Asia

စင်ကာပူ နိုင်ငံ ရှိ စားသောက်ဆိုင်များ လတ်တလောကာလ အတွင်း အစာအဆိပ်သင့်မှု မကြာခဏ ဖြစ်ပွား

စင်ကာပူ နိုင်ငံ ရှိ အဆောက်အဦ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ ရှိ စားသောက်ဆိုင်များ လတ်တလောကာလ အတွင်း အစာအဆိပ်သင့်မှု မကြာခဏ ဖြစ်ပွား ခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ နေမကောင်းဖြစ်ခဲ့ရကာ တစ်ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

နိုဝင်ဘာ ၆ ရက် မှ ၉ ရက် အတွင်း စင်ကာပူနိုင်ငံ River Valley လမ်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ၇ ကြိမ်တိုင်တိုင် အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၂၂၁ ဦး လာရောက် စားသောက်ရာတွင် ၈၂ ယောက် အဆိပ်သင့်မှု ဖြစ်ပွား ခဲ့ကာ တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စင်ကာပူ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၊ အမျိုးသား ပတ်ဝန်းကျင် ဌာန နှင့် စိုက်ပျိုးရေး ၊ စားနပ်ရိက္ခာ နှင့် ကုသရေး ဌာန တို့ က ဒီဇင်ဘာ ၇ ရက် ၌ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး အထက်ပါ စားသောက်ဆိုင် မှ ပတ်ဝန်းကျင် နှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကျန်းမာရေး ထိန်းသိမ်းမှု အားနည်းသောကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန် တွင် တာဝန်ရှိသူအား အရေးယူရန် ပြင်ဆင်နေကြောင်း ကြေညာ ခဲ့သည်။

ထို့ပြင် သတင်းဖော်ပြချက်များအရ နိုဝင်ဘာ ၂၂ ရက် တွင် စင်ကာပူ နိုင်ငံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်ပေါင်း ၁၉၀ ဦး မှာလည်း အစာအဆိပ်သင့်မှု ဟု ယူဆရသော ကိစ္စရပ် ဖြစ်ပွား ခဲ့ပြီး ဒီဇင်ဘာ ၁ ရက် မှ ၃ ရက် အတွင်း စင်ကာပူ နိုင်ငံ ရှိ ဟိုတယ် တစ်ခု တွင် လူပေါင်း ၂၁၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည်။ လက်ရှိချိန်တွင် စင်ကာပူ နိုင်ငံ မှ သက်ဆိုင်ရာ တာဝန်ရှိဌာန များက ယင်း အစာအဆိပ်သင့်မှု ၂ ခု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။(Xinhua)