Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် အယ်လ်ကိုင်ဒါးအဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီးရမိ

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံ အရှေ့ပိုင်း Punjabပြည်နယ်တွင် ဒီဇင်ဘာ ၈ ရက်က အယ်လ်ကိုင်ဒါးအဖွဲ့ဝင် လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထောက်လှမ်းရေးသတင်းဌာန၏သတင်းများအရ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်ပိုင်း Bahawalpur ဒေသတွင် အကြမ်းဖက်သမားရှာဖွေဖမ်းဆီးရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည့် အပြင် ၎င်းတို့ပုန်းလျှိုရာစခန်း ရှိ လက်နက်ခဲယမ်းနှင့်ငွေသားများလည်း ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ပါကစ္စတန် မီဒီယာများ၏ သတင်းများအရသိရသည်။

အဆိုပါ လက်နက်ကိုင် ၅ဦးမှာ Bahawalpur ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေသူများဖြစ်ကြောင်း ၊ လက်ရှိတွင် ၎င်းတိုအား လျှို့ဝှက်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောလ ၂၈ ရက်ကလည်း ၎င်းဒေသ၌ ပါကစ္စတန်နိုင်ငံ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေး ဌာနက လက်နက်ကိုင် ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလ မှစတင်၍ ပါကစ္စတန် စစ်ဘက်ဆိုင်ရာက လုံခြုံရေးဌာနများနှင့် ပူးပေါင်းကာ အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားဟု သံသယရှိသူ ထောင်နှင့်ချီဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)