Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ (ROK) ရှိ ပါမောက္ခ ၁၇၉ ဦးအား စာပေဆိုင်ရာ ကူးယူအသုံးပြုမှု သံသယရှိသူများအား တရားစွဲဆို

(ဓာတ္ပုံ- အင္တာနက္)

ဆိုးလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

သတင်းများအရ ဒီဇင်ဘာလ ၁၄ ရက်တွင် စာပေဆိုင်ရာ ကူးယူအသုံးပြုမှု သံသယရှိသူများအား များနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ (ROK) နာမည်ကြီး တက္ကသိုလ် ၁၁၀ ခု ကို သွားရောက် စစ်ဆေးခဲ့ရာတွင် သံသယရှိသူ ပါမောက္ခပေါင်း ၁၇၉ ဦး တရား စွဲဆိုခံခဲ့ရကြောင်းသိရှိခဲ့ရသည်။

ဤတရားစွဲဆိုမှု ဖြစ်မြောက်ခဲ့ပါက တောင်ကိုရီးယားနိုင်ငံ (ROK) ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဂုဏ်သိက္ခာ ကျဆင်းမှုကြီးဖြစ်ပွား နိုင်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေးမှူးများ၏ ကနဦး စစ်ဆေးချက်များအရ ၎င်း သံသယ ရှိသူများသည် နည်းမျိုးစုံဖြင့် လိမ်လည်မှုများကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး အချို့ဆိုလျှင် ပြစ်မှု ၄ ၊ ၅ ခု အထိ ပင် ကျူးလွန်ထားကြောင်း သိရှိရသည်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့ အနေဖြင့် ယခုနှစ် မတ်လပိုင်းမှ စတင် စစ်ဆေးရာတွင် ပါမောက္ခပေါင်း အယောက် ၂၁၇ ဦးအား ပညာရပ်ပိုင်း ဆိုင်ရာ မသမာမှုဖြင့် ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.