Asia
ဂျပန်နိုင်ငံတောင်ပိုင်း Amami-Oshima ကျွန်းတွင် ၅.၅ ပမာဏရှိသော ငလျင်လှုပ်

တိုကျို၊ မေ ၁၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တောင်ပိုင်း Amami-Oshima ကျွန်း၏ အရှေ့မြောက်ဘက်တွင် အင်အား ၅.၅ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသအေဂျင်စီက မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ငလျင်ကြောင့် ဆူနာမီသတိပေးချက် သို့မဟုတ် အကြံပြုချက် ထုတ်ပြန်ထားခြင်းမရှိဟုဆိုသည်။
ငလျင်သည် ဒေသစံတော်ချိန် ၂း၃၄ နာရီ၌ မြောက်လတ္တီကျု ၂၉.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၀.၇ ဒီဂရီ၊ မြေအောက်အနက် ၃၀ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောသည်။
အဆိုပါ ငလျင်အား အဆင့် ၃ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ငလျင်ဒဏ်ကို ကာဂိုရှီမာစီရင်စု၌လည်း ခံစားခဲ့ရသည်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် သတင်းများမရရှိကြောင်း ဒေသခံအာဏာပိုင်များအဆိုအရ သိရသည်။ (Xinhua)