Connect with us

Asia

ကမ္ဘောဒီးယား-နီပေါ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်

နီပေါ ၀န်ကြီးချုပ် K.P. Sharma Oliနှင့် ကမ္ဘောဒီးယား ၀န်ကြီးချုပ် Samdech Techo Hun Senတို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား-နီပေါ နှစ်နိုင်ငံတို့က ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင့်ရန်နှင့် အတူတကွအလုပ် လုပ်ကိုင်ရန် ကတိပြုခဲ့ကြောင်း မေ ၁၅ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို ကမ္ဘောဒီးယားနိုင်ငံကို နီပေါ ဝန်ကြီးချုပ် K.P. Sharma Oli၏ သုံးရက်ကြာခရီးစဉ် အဆုံးတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နီပေါဝန်ကြီးချုပ် K.P. Sharma Oliသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Samdech Techo Hun Senနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန် နားလည်မှုသဘောထားအပေါ် အခြေခံပြီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍ၏ အရေးကြီးသောကဏ္ဍကို အလေးထားရန်နှင့် စီးပွားရေးအလားအလာနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အပြည့်အ၀ ရှာဖွေနိုင်ရန် နီပေါကုန်သည်ကြီးများအသင်းနှင့် ကမ္ဘေားဒီးယားကုန်သည်ကြီးများအသင်းတို့ကြား အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံဝန်ကြီးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံဝန်ကြီးချုပ်များသည် ရင်းနှီးမြှုပ်နှံနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။(Xinhua)