Connect with us

Asia

သီရိလင်္ကာ နိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ညမထွက်ရ အမိန့်ထုတ်ပြန်

သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ မေ ၁၄ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့တော် ဆင်ခြေဖုံး Gampaha မြို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး နိုင်ငံ အနောက် မြောက်ပိုင်းရှိ ပြည်နယ်များတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင် ညမထွက်ရ အမိန့်အား မေ ၁၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းညမထွက်ရ အမိန့်ကာလကို မေ ၁၃ ရက် ဒေသစံတော်ချိန် ည ၉ နာရီ မှ မေ ၁၄ ရက် နံနက် ၄ နာရီ အထိ သတ်မှတ်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာ နိုင်ငံ အနောက်မြောက်ပိုင်းရှိ Kurunegala ခရိုင် အတွင်းရှိ မြို့အများအပြားတွင် မေ ၁၃ ရက် အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် လူအုပ်စုများသည် လမ်းမများ ပေါ်သို့ရောက်ရှိ လာကြပြီး ဈေးဆိုင်များ ၊ လူနေအိမ်များ နှင့် ဗလီများအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ညမထွက်ရ အမိန့်အား အဆိုပါ ဒေသကို ချက်ချင်း ထုတ်ပြန်ခဲ့ပြီး ခရိုင် တစ်ခုလုံးကို လုံခြုံရေး အမြင့်ဆုံး အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အကြမ်းဖက် လူအုပ်စုသည် Gampaha မြို့ရှိ လူနေအိမ် နှင့် ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့သည် နှင့် အတူ လုံခြုံရေး တပ်ဖွဲ့များသည် ပုံမှန် အခြေအနေ အတိုင်း ပြန်လည် ရောက်ရှိစေရန် အလျှင်အမြန် သွားရောက်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wickremesinghe က နိုင်ငံသားများကို တည်ငြိမ်မှု ရှိစေရန် နှင့် မှားယွင်းသော သတင်းအချက်အလက်များအား မယုံကြည်ကြရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.