Asia
ဖိလစ်ပိုင်နိုင်ငံ Bobon အရှေ့တောင်ပိုင်း ၃၅ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဟောင်ကောင် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Bobon၏ အရှေ့တောင်ပိုင်း ၃၅ ကီလိုမီတာအကွာခန့်တွင် ဗဟိုပြု၍ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုသည် စက်တင်ဘာလ ၂၃ ရက် ဒေသစံတော်ချိန် ည ၁ဝနာရီ ၅၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပထဝီမြေပြင်တိုင်းတာရေးအဖွဲ့က ဆိုသည်။
အဆိုပါ ငလျင်သည် မြေပြင်အောက် ၆၉.ဝ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ငလျင်တည်နေရာမှာ မြောက်လတ္တီကျူ့ ၆.၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၂၆.၆ ဒီဂရီ အတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)