Connect with us

Asia

၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့လည်ပတ်စရာအကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ရွေးချယ်ခံရ

ဘန်ကောက်မြို့ရှိ မြဘုရားကို လာရောက်လည်ပတ်နေကြသည့် ကမ္ဘာလှည့်ခရီးသွားများအားတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ်အတွက် Master Card မှ ရွေးချယ်သတ်မှတ်သော ကမ္ဘာ့လည်ပတ်ချင် စရာ အကောင်းဆုံး မြို့အဖြစ် ထိုင်းနိုင်ငံဘန်ကောက်မြို့သည် လန်ဒန်မြို့ကို ကျော်ဖြတ်၍ အရွေးခံရကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် မာစတာကက်က ၎င်းတို့၏ ညွှန်းကိန်းကိုထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံသည် ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသည် ၂၁.၄၇ သန်းဝင်ရောက်ရန်ခန့်မှန်း ထားပြီး လန်ဒန်မြို့သည် ၁၉.၈၈ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း ကမ္ဘာ့မြို့ကြီးပေါင်း ၁၃၂ မြို့ကို ကောက်ခံထားသော မာစတာကတ်နည်းပညာကုမ္ပဏီ၏ စစ်တမ်းများအရ သိရသည်။
အဆိုပါ စစ်တမ်းတွင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံ ၅ နိုင်ငံသည် ကမ္ဘာ့လည်ပတ်ချင်စရာအကောင်းဆုံး ထိပ်တန်း၁ဝ နိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှုအလျင်မြန်ဆုံး ၁ဝ နိုင်ငံစာရင်းတွင်လည်း ၇ နိုင်ငံပါဝင်နေကြောင်း သိရသည်။
ထို့ပြင် မာစတာကတ်စစ်တမ်းက စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးစဉ်များထက် အားလပ်ရက် အလည်အပတ်ခရီးစဉ်အဖြင့် လူကြိုက်အများဆုံးသွားလာခဲ့သည့် ထိပ်တန်းမြို့ပေါင်း ၂ဝ ကိုလည်း ထုတ်ပြန်ခဲ့သည်။ ဘန်ကောက်မြို့သို့သွားရောက်သူ ၈၅.၆ ရာခိုင်နှုန်းသည် အလည်အပတ်ခရီးစဉ်အတွက်ဖြစ်ပြီး ထိပ်တန်းမြို့ ၂ဝ စာရင်းတွင် တစ်မြို့အပါအဝင်ဖြစ်သည့် ရှန်ဟိုင်းမြို့သို့သွားရောက်သူအများစုမှာ စီးပွားရေးဆိုင်ရာ ခရီးစဉ်များဖြစ်သွားကြသူများဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံသည် ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား စံချိန်တင်ပမာဏဖြစ်သည့် စုစုပေါင်း ၃၃ သန်းဝင်ရောက်လာရန်မျှော်လင့်ထားသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံမှ ခရီးသည် ဝင်ရောက်မှုသည် တိုးတက်များပြားခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွင်း စုစုပေါင်းဦးရေ ၁ဝ သန်းကျော်အထိ ဝင်ရောက်ထားပြီးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ပြည်သူ့အသုံးစရိတ် ၊ ပြည်တွင်းစားသုံးမှု နှင့် ပို့ကုန်လုပ်ငန်းများအားလုံးတွင် တိုင်းပြည်စီးပွားရေးကို မောင်းနှင်ရန် ခရီးသွားလုပ်ငန်းတစ်ခုတည်းက အဓိက ထိန်းကျောင်းနေကြောင်း သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချို့ပြည်နယ်များတွင် သြဂုတ်လအတွင်း ဗုံးပေါက်ကွဲမှုများကြောင့် ခရီးသွားလုပ်ငန်းမှဝင်ငွေ လုံးဝ မရှိတော့သည့် အနေအထားထိဖြစ်ခဲ့သော်လည်း နိုင်ငံအတွင်းဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသွားဦးရေမှာ ဆက်လက်မြင့်တက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.