Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက COVID-19 ရောဂါ ကြောင့်ထိခိုက်ခံစားခဲ့ရသော မနီလာမြို့ ဒေသခံများအတွက် “ချစ်ကြည်ရေးလွယ်အိတ်” ၅,၀၀၀ လှူဒါန်း

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသော “ချစ်ကြည်ရေးလွယ်အိတ်” လွှဲပြောင်းလက်ခံခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက COVID-19 ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် မနီလာမြို့ ဒေသခံများအတွက် ဆန်နှင့် စည်သွပ်ဘူးကဲ့သို့ အဓိကစားသောက်ကုန်များပါဝင်သည့် “ချစ်ကြည်ရေးလွယ်အိတ်” ၅,၀၀၀ ကို ဇွန် ၄ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပစ္စည်းများကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Huang Xilian က မနီလာမြို့တော်ဝန် Isko Moreno ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသော “ချစ်ကြည်ရေးလွယ်အိတ်” လွှဲပြောင်းလက်ခံခြင်း အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံမိသားစုများစွာ ထိခိုက်ခဲ့ရကြောင်း၊ ဤထောက်ပံ့ပစ္စည်းများက ဒေသခံများ၏ အခက်အခဲများမှ ကျော်လွှားရာတွင် အကူအညီဖြစ်စေမည်ဟု မျှော်လင့်ကြောင်း Huang က ပြောခဲ့သည်။

ကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီ ထောက်ပံ့ခဲ့ကြကာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါပျောက်ကင်းသူ ၄,၂၄၈ ဦးနှင့် သေဆုံးသူ ၉၈၄ ဦး အပါအဝင် အတည်ပြုလူနာ၂၀,၃၈၂ ဦးရှိကြောင်း သိရသည်။

Huang က အသွားအလာကန့်သတ်မှုပြီးနောက် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်နှင့် စီးပွားရေး ပြန်လည်စတင်ရန် မည်သို့လုပ်ဆောင်ရမည်ဟူသော တရုတ်နိုင်ငံ၏ မျှဝေခဲ့သည်။ မနီလာမြို့တော်ဝန် Moreno က နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကျေးဇူးအတွက် ယခုကဲ့သို့ဖလှယ်မှုများကို ခိုင်မာစွာလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် COVID-19 ရောဂါ တိုက်ဖျက်ရေး ဖိလစ်ပိုင်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသည် စီဘူး၊ ဒါဗောင်း မြို့များရှိ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် Laoag မြို့ရှိ ကောင်စစ်ဝန်ရုံးတို့နှင့်အတူ ဒေသခံပြည်သူများအား ပီဆို ၁၇.၅ သန်း (အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ခန့်) တန်ဖိုးရှိသော နေ့စဉ်မရှိမဖြစ်သုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစီအစဉ်က ဖိလစ်ပိုင်နိုင်ငံရှိ အိမ်ထောင်စု ၂၀,၀၀၀ ကျော်ကို အကျိုးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.