Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၉၀,၀၀၀ ကျော်အထိ ရောက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ပန်းခြံတစ်ခုတွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာအသစ် ၂,၄၀၁ ဦးရှိခဲ့သဖြင့် ဩဂုတ် ၂၁ ရက်၌ စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ ၂၉၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေကျန်းမာရေး ညွှန်ကြားမှုဦးစီးဌာန (DGHS) မှ ဖော်ပြသည့်စာရင်းများအရ နိုင်ငံအတွင်း COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၂၉၀၃၆၀ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၃၈၆၁ ရှိပြီဖြစ်ကြောင်း သိရသည်။ 

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၃၉ ဦးထပ်မံသေဆုံးခဲ့တယ်” ဟု အဆိုပါဌာနက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း လွန်ခဲ့သည့်၂၄ နာရီအတွင်း နမူနာစစ်ဆေးမှုပေါင်း ၁၂,၉၄၃ ခုကို စစ်ဆေးစမ်းသပ်ခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။ 

နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ အရေအတွက်မှာ ဩဂုတ် ၂၁ ရက်တွင် ရောဂါပျောက်ကင်းသူအသစ် ၃,၆၂၄ ဦး အပါအဝင် စုစုပေါင်း ၁၇၂,၆၁၅ ဦးရှိပြီဖြစ်ကြောင်း DGHS က ပြောခဲ့သည်။ 

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုအချိန်၌ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ၁.၃၃ ရာခိုင်နှုန်းရှိပြီး ရောဂါပျောက်ကင်းမှုနှုန်းမှာ ၅၉.၄၅ ရာခိုင်နှုန်းရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေ့စဉ်ရောဂါကူးစက်မှု အတည်ပြုလူနာအသစ် အများဆုံးအနေဖြင့် ဇူလိုင် ၂ ရက်တွင် ၄,၀၁၉ ဦး ရှိခဲ့ပြီး နေ့စဉ်သေဆုံးမှုအများဆုံးမှာ ဇွန် ၃၀ ရက်က ၆၄ ဦးရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.