Asia
တိုကျို နှင့် ရှန်ဟိုင်း အကြား ဂျပန်လေကြောင်းလိုင်းမှ Doraemon ကာတွန်းရုပ်ပါ ဂျက်လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်
တိုကျို ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Narita နိုင်ငံတကာလေဆိပ် နှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Pudong နိုင်ငံတကာလေဆိပ်တို့အကြား Doreamon ကာတွန်းရုပ်ပါ အထူးဂျက်လေယာဉ်ဖြင့် တိုက်ရိုက် ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဂျပန်လေကြောင်းလိုင်းက စက်တင်ဘာလ ၂၁ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ ဘိုးရင်း ၇၆၇- ၃ဝဝ လေယာဉ်ကိုယ်ထည်တွင် ဂျပန်နိုင်ငံ၌ အလွန်လူကြိုက်များသော ဂျပန်ကာတွန်းကြောင်ရုပ်(Doreamon) ကို ရေးဆွဲထားကြောင်း နှင့် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် Doraemon ကြောင်ရုပ်ကာတွန်း ရေးဆွဲထားသော ပထမဆုံးဂျက်လေယာဉ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Doraemon ဂျက်လေယာဉ်သစ် တစ်စင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
Doraemon ဂျက်လေယာဉ်သစ် တစ်စင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
အဆိုပါ ကာတွန်းရုပ်ကို တရုတ်နိုင်ငံတွင်လည်း နှစ်သက်သူ အလွန်ပေါများပြီး အားလပ်ရက်များတွင် ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်ကြမည့် တရုတ်နိုင်ငံသား ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ ဂျပန်လေကြောင်းကုမ္ပဏီက Doraemon ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
Doraemon ဂျက်လေယာဉ်သည် ၂ဝ၁၇ ခုနှစ် မတ်လအထိ ခရီးစဉ်များကို ပျံသန်း ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါ လေယာဉ်ပေါ်တွင် Doraemon ကာတွန်းရုပ် အမှတ်တရ လက်ဆောင်များကိုလည်း ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)