Connect with us

Asia

ဂျပန်နိုင်ငံ ကန်တိုနယ်မြေ ကမ်းရိုးတန်းတွင် အင်အား ၆.၅ ငလျင် လှုပ်ခတ်၊ ပင်လယ် မျက်နှာပြင် အနည်းငယ် ပြောင်းလဲသွားနိုင်ဟုဆို

ငလျင်လှုပ်ခတ်ရာ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ကန်တိုနယ်မြေရှိ အရှေ့ဘက် ကမ်းရိုးတန်း၌ ကနဦး တိုင်းတာချက်အရ ပြင်းအား ၆.၅ ရှိ ငလျင် တစ်ခု စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့ရာ ကမ်းရိုးတန်းဒေသရှိ ပင်လယ် မျက်နှာပြင် အနေအထား အနည်းငယ် ပြောင်းလဲသွားနိုင်ကြောင်း ဂျပန် မိုးလေဝသဆိုင်ရာ အေဂျင်စီ (JMA) က ပြောကြားလိုက်သည်။

မိုးလေဝသ အေဂျင်စီ၏ အဆိုအရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၉း၁၄ နာရီတွင် မြောက်လတ္တီတွဒ် ၃၄.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၁.၇ ဒီဂရီ၌ ဂျပန်နိုင်ငံ ချီဘာစီရင်စု၊ ကက်ဆူရာမြို့ အရှေ့တောင်ဘက် ပစိဖိတ် သမုဒ္ဒရာဗဟိုပြုကာ ပင်လယ် ရေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာ အနက်၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ ငလျင် အန္တရာယ် အထွဋ်အထိပ်သည် ရစ်ချ်တာ စကေး ၇ ဖြစ်ပြီး တိုကျိုမြို့နှင့် အနီးဝန်းကျင် ဖြစ်သည့် ချီဘာနှင့် ကာနာဂါဝါစီရင်စုများသည် ငလျင်ဇုန်အတွင်း ကျရောက်သည့် ဒေသများ ဖြစ်ကြောင်း မိုးလေဝသ အေဂျင်စီက ပြောသည်။
ယခု ငလျင်နှင့် ပတ်သက်၍ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ပျက်စီး ဆုံးရှုံးမှုများလည်း မရှိသေးသော်လည်း ကမ်းရိုးတန်းဒေသများတွင် ပင်လယ် ရေမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုများ ရှိနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.