Connect with us

Asia

ဆမ်ဆောင်း Galaxy Note 7 မီးလောင်ကျွမ်းရခြင်းမှာ ဘတ်ထရီ ပြစ်ချက်ကြောင့် ဟု ဆမ်းဆောင်း ပြောကြား

မီးလောင်ကျွမ်းနေသည့် ဆမ်ဆောင်း Galaxy Note 7 ဖုန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော သုံးလကျော်အကြာက မီးလောင်ကျွမ်းလေ့ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်းထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက်ရှိခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက်ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။

ဆိုးလ်မြို့ရှိ ဆမ်ဆောင်းရုံးချုပ်၌ ပြုလုပ်သောသီးသန့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပါးလွှာသည့် ဘတ်ထရီ ဒီဇိုင်းဖြင့် ရောစပ် ထုတ်လုပ်ထားခြင်း၊ အခြား ထုတ်လုပ်ရေးဆိုင်ရာ အကြောင်းအချက်များကြောင့် Note 7 ဖုန်းများ ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်ကို အမေရိကန် အခြေစိုက် UL နှင့် Eponent လုပ်ငန်းများက စစ်ဆေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမန် ကုမ္ပဏီ TUV Rheinland ကလည်း ပါဝင် ဆန်းစစ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Note 7 ဖုန်းများ၏ ပထမအုပ်စုအတွင်း ထည့်သွင်းထားသည့် ဘတ်ထရီများတွင် Positive (+) နှင့် Negative (-) တို့အား ပိုင်းခြားထားသည့် အလွှာက ပါးလွှွှာနေပြီး အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နိုင်ခြင်း စသော အကြောင်းရင်းကြောင့် ယခုလို မီးလောင်ကျွမ်းမှုများလာခြင်း ဖြစ်ကြောင်း UL စစ်ဆေးမှုအရ သိရသည်။

ထိုသို့ ပါးလွှာသော ဘတ်ထရီကလည်း ဆမ်ဆောင်းဖုန်း အပူလွန်ကဲကာ မီးလောင်ကျွမ်းရသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောကြားထားသည်။

အထူးသဖြင့် ဘတ်ထရီ၏ ညာဘက် အပေါ်ပိုင်းထောင့်များတွင် အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ကာကွယ်ထားသည့် စွမ်းရည် အားနည်းနေခြင်း စသော ပုံသဏ္ဍာန်မမှန်မှုများအား ရှာတွေ့ခဲ့ကြောင်း သိရသည်။

Note 7 ဖုန်းများ၏ ဒုတိယ အသုတ်အတွင်း ထည့်သွင်းထားသော ဘတ်ထရီများတွင်မူ လျှပ်ကာ တိပ် မပါရှိခြင်း၊ လျှပ်ကာများ မူမမှန်ခြင်း၊ ပါးလွှာသော အလွှာရှိခြင်း စသည့် ထုတ်လုပ်ခြင်းဆိုင်ရာ ပြဿနာများစွာ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.