Connect with us

Asia

အိန္ဒိယတောင်ပိုင်းတွင် ရထားတိမ်းမှောက်မှုကြောင့် လူ၃၂ဦးသေ၊ ၅၅ဦး ဒဏ်ရာရရှိ

အိန္ဒိယတောင်ပိုင်းတွင် တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ရထားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်တွင် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ခရီးသည်တင်ရထား တစ်စီး လမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၃၂ဦးထက်မနည်းသေဆုံးပြီး လူ ၅၅ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းမီးရထား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ တာဝန်ရှိသူက ပြည်နယ်အတွင်းရှိ Vizianagaram ခရိုင်၌ ဒေသစံတော်ချိန် ၁၁း၃၀နာရီတွင် ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်ပွားပုံမှာ Jagdalpur-Bhubaneswar Express အင်ဂျင်စက်ခေါင်းနှင့် တွဲရှစ်တွဲပါ ရထားသည် နိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ် အနီးတွင် ရထားလမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ပြိုလဲကျနေသည့် ရထားတွဲများအောက်မှ ရုပ်အလောင်း ၃၂လောင်းကို ဆွဲထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ၎င်းတို့အနက်အချို့မှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း နှင့် ကယ်ဆယ်ရေးသမားများက ရထားတွဲများအတွင်း ပိတ်မိနေသူများ ရှိ၊မရှိ စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရထားသည် နိုင်ငံအရှေ့ဘက်ရှိ Chhattisgarh ပြည်နယ် Jagdalpurမြို့မှ Odisha ပြည်နယ် မြို့တော် Bhubaneswarမြို့သို့ သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရုပ်သံလိုင်းများ၏ ထုတ်လွှင့်မှုအရ အချို့ရထားတွဲများသည် လည်ထွက်သွားပြီး ယင်းရထားတိမ်းမှောက်မှုကြောင့် ဒေသတွင်း ရထားခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါမိုဒီ က အဆိုပါ ရထားတိမ်းမှောက်မှု အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

၎င်းက မီးရထားဝန်ကြီး သည် ယခုဖြစ်စဉ်အား အနီးကပ်စစ်ဆေးနေပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်း တွစ်တာ၌ရေးသားခဲ့သည်။

မီးရထားဝန်ကြီး Suresh Prabhu က သေဆုံးသူတစ်ဦးစီအတွက် လျော်ကြေးငွေအဖြစ် ရူပီး ၂သိန်း (အမေရိကန်ဒေါ်လာ ၄,၀၀၀) စီပေးအပ်သွားမည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများအတွက်လည်း တစ်ဦးလျှင် ရူပီး ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၀၀၀) ပေးအပ်သွားမည်ဟု ကြေညာခဲ့ကြောင်း မီးရထားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ရထားလမ်းကွန်ရက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရထားလမ်းကွန်ရက်များအနက် တစ်ခု အပါအဝင်ဖြစ်ပြီး နိုင်ငံ၏ မြောက်မှတောင်သို့ ကန့်လန့်ဖြတ်ဆက်သွယ်ထားခြင်းဖြစ်ကာ နေ့စဉ် ခရီးသည် ၂၂သန်းအား ပို့ဆောင်ပေးနေကြောင်း သိရသည်။ သို့သော် ရထားလမ်းသုံးပစ္စည်းအများစုမှာ သတ်မှတ်ကာထက် ကျော်လွန်အသုံးပြုနေခြင်းကြောင့် ယခုကဲ့သို့ ရထားမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.