Asia
ဗီယက်နမ်နိုင်ငံ Hai Phong မြို့တွင် ငှက်တုပ်ကွေးဖြစ်ပွား

ဟနွိုင်း၊ သြဂုတ် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Phong မြို့ ကျေးလက်ခရိုင်တစ်ခုတွင် ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N6 ကူးစက်ခံရမှုကြောင့် တောကြက်အကောင် ၁၀,၀၀၀ သုတ်သင်ခံခဲ့ရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဌာန စည်ပင်ဌာနက သြဂုတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။
An Duong ခရိုင်ရှိ ခြံနှစ်ခြံတွင် ဘဲနှင့် ကြက်ကောင်ရေး ထောင်ပေါင်းများစွာ ကာလတိုအတွင်း H5N6 ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဗီဇ ကူးစက်ခံခဲ့ရပြီး သေဆုံးနှုန်းမြင့်တက်လာခဲ့သည်။ ရောဂါပိုး ပျံ့နှံ့မှုကို ကာကွယ်ရန် ကျန်းမာသော တောကြက်များကိုလည်း သုတ်သင်ခဲ့ရကြောင်း သိရသည်။
၂၀၁၇ ခုနှစ်က ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Cao Bang ပြည်နယ်နှင့် အလယ်ပိုင်း Quanh Tri ပြည်နယ်တွင် H5N6 ဖြစ်ပွားမှုအကြောင်း သတင်းတင်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ကာလရှည် ထိန်းချုပ်ထားနိုင်သည့် ငှက်တုပ်ကွေးဗိုင်းရပ်စ် ဗီဇအချို့ ပြန်လည်ဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း ယခုနှစ်အစောပိုင်းကလည်း ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနအောက်ရှိ တိရစ္ဆာန် ကျန်းမာရေးဌာနက သတိပေးထားကြောင်း သိရသည်။ (Xinhua)