Connect with us

Asia

တရုတ်-ဗြိတိန် ဆက်ဆံရေးက ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအတွက် အားဆောင်

(၉)ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက်တွေ့ဆုံဆွေးနွေးပွဲကျင်းပနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ နှစ်သစ်ကူးတရုတ်ခရီးစဉ်အဆက်အနေဖြင့် တာဝန်ထမ်းဆောင်သည် မှာ ၁ လ မကြာသေးသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt)က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပေကျင်းသို့ လာရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့်တွေ့ဆုံကာ (၉)ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံ ဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံစလုံးက စည်းမျဉ်းစည်းကမ်းများကို အခြေခံ သည့် နိုင်ငံတကာအခင်းအကျင်း စနစ်များနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ကို ဗဟိုထားသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းပြီး တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေး လုပ်ဆာင်ချက်များအားလုံးကို ဆန့်ကျင်ရန် သဘောတူညီခဲ့ကြသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt)ဆိုသကဲ့သို့ပင် နိုင်ငံတကာ အခြေအနေ၏သော့ချက်ကျသော အချိန်ကာလတွင် ဗြိတိန်နှင့်တရုတ်သည် မဟာဗျူဟာမြောက် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများ ကို မြှင့်တင်လုပ်ဆောင်ကာ စိန်ခေါ်မှုများကို အတူ ရင်ဆိုင်သင့်သည်ဟု နိုင်ငံတကာက ရှုမြင်ကြ သည်။

မကြာသေးမီကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က ကုန်သွယ်ရေးပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဗြိတိန်သည် တရုတ်နှင့်အတူ ဘက်ပေါင်းစုံပါဝင်မှုစနစ်ကို ကာကွယ်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Barbara Woodwardက တရုတ်မီဒီယာ များ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။

တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများ အဆက်မပြတ်ခေါင်းထောင်လာချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှင့် ကမ္ဘာ့ အဓိက စီးပွားရေး အင်အားစု များဖြစ်သည့် တရုတ်၊ဗြိတိန် နှစ်နိုင်ငံသည် ဘက်ပေါင်းစုံပါဝင်မှုစနစ်ကိုကာကွယ်ထိန်းသိမ်းရန် အတူ ထုတ်ဖော် ပြောကြားခဲ့ခြင်းသည် နိုင်ငံတကာ အသိုင်းအဝန်းအတွက် ယုံကြည်မှုနှင့်အင်အားသစ်များလောင်းဖြည့် ပေးခဲ့ခြင်းဖြစ်သလို တရုတ်-ဗြိတိန် ဆက်ဆံရေး၏ ရွှေရောင်ခေတ်သစ်ကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။

တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် လက္ခဏာများ ပေါ်လွင်နေသည်။ မကြာသေးမီက ကျင်းပသည့် အကြိမ်(၂၀)မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲကာလတွင်လည်း လွတ်လပ်ပြီး ပိုမိုအဆင်ပြေလွယ်ကူသော ကုန်သွယ်ရေးနှင့်ရင်းနှီး မြုပ်နှံ မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ ဘက်ပေါင်းစုံပါဝင်မှုကို ထိန်းသိမ်းရန် တရုတ်နှင့်ဥရောပနိုင်ငံများက သဘောဆန္ဒ အသီးသီး ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ ကုန်သွယ်ရေးပွတ်တိုက်မှု အဆက်မပြတ်ဖြစ်ပွားနေသည့် ကာလတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို မြှင့်တင်ရန်၊ လွတ်လပ်ပြီး ပိုမိုအဆင်ပြေလွယ်ကူသည့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြုပ်နှံမှုများကို တွန်အားပေးဆောင်ရွက်နိုင်ရန် တရုတ်-ဗြိတိန်နှစ်နိုင်ငံက လက်တွေ့လှုပ်ရှား ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ တရုတ်-ဥရောပ အစိုးရအရာရှိများ၏ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု များမှ ဟင်ကလေပွိုင့်နျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဆောင်ရွက်မှုများ တည်ငြိမ်စွာ တိုးတက်လာခြင်း၊ တရုတ်-ဗြိတိန် ကုန်သွယ်ရေးသဘောတူညီချက်များ ဆက်တိုက်ဆိုသလို လက်မှတ်ရေးထိုးနိုင်ခြင်းမှ ခေတ်သစ်ပိုးလမ်းမကြီးကို အတူတကွတည်ဆောက်ရန် လမ်းစသစ်များ ရှာဖွေနိုင်ခြင်းစသည်တို့မှာ ဒေသနှင့်ကမ္ဘာ့စီးပွားရေးအတွက် အကျိုးအမြတ်ကောင်းများကို ဆောင်ကျဉ်းပေးနိုင်ခြင်းပင်ဖြစ်သည်။

ယခုအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံသည် ဖွံ့ဖြိုးရေးမဟာဗျူဟာများကို ချိတ်ဆက်ကာ ကုန်သွယ်ရေးနှင့်အပြန်အလှန်ရင်းနှီးမြုပ်နှံမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ၊ ဉာဏ်ရည်တု နည်းပညာ၊ အစိမ်းရောင် စွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့် လုပ်ငန်းကဏ္ဍ အသစ်၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ကို တရုတ်-ဗြိတိန် နှစ်နိုင်ငံ အတူလက်တွဲ ဆက်လက် တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။ ထိုဆောင်ရွက် ချက်များက နှစ်နိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ပိုမို ပွင့်လန်းလာကာ အာရှ၊ ဥရောပ အတူ သာယာဝပြောရေးနှင့်ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်မည် ဆိုသည်မှာ ကြိုတင် မှန်းဆ သိရှိနိုင်ပါသည်။

ယခုနှစ်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်စနစ်ကျင့်သုံးသည့် နှစ် ၄၀ ပြည့် အခါသမယ ဖြစ်သည်။ တရုတ်နိုင်ငံက ဘက်ပေါင်းစုံ တံခါးဖွင့်ထားခြင်း၊ဈေးကွက်ဝင်ရောက်မှုကို တိုးချဲ့ခွင့်ပြုပေး ခြင်းများကို တွန်းအားပေးဆောင်ရွက်နေခြင်းမှာ ဗြိတိန်အတွက်သာမက ကမ္ဘာ့အတွက်ပါ ပိုမိုများပြား သည့် အခွင့်အလမ်းကောင်းများနှင့်အကျိုးအမြတ်များကို သယ်ဆောင်လာပေးခြင်းဖြစ်သည်။ ဗြိတိန် က အမဲသားသည် တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်တော့မည်ဖြစ်သလို ဗြိတိန်၏ ဓာတ်ဆီ ဆိုင်များက တရုတ်နိုင်ငံတွင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ရှန်ဟိုင်း-လန်ဒန် စတော့အိတ်ချိန်း ရောင်းဝယ်ရေးဈေးကွက် အပြန်အလှန်ချိတ်ဆက်နိုင်တော့မည်ဖြစ်သည်။ ဗြိတိန်သည် အဓိက ဧည်သည့်တော်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကိုတက်ရောက်ရန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ တရုတ်-ဗြိတိန် ကုန်သွယ်ရေးဆက်ဆံမှုများ အဆက်မပြတ် ကျယ်ပြန့်လာခြင်းသည် ပွင့်လင်းသည့် ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန်အတွက် အကျိုးဆောင်ခြင်းပင်ဖြစ်သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့်ဗြိတိန်နိုင်ငံ၏ ဆက်ဆံရေးသည် နှစ်ဘက် နှစ်နိုင်ငံဆက်ဆံရေးကို ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအဆင့်အထိ တိုးတက်နေပြီဖြစ် သည်။ယခုတစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်၊ဗြိတိန် နှစ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ ၊ G 20 အဖွဲ့စသည့် ဘက်ပေါင်းစုံမူဘောင်အောက်တွင် နီးကပ်သည့်ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပြီး အီရန်နျူကလီးယားပြဿနာ၊ မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာ၊ ဆီးရီးယား အရေးစသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးကြီး ပြဿနာရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နှင့် ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်သည့် ရာသီဥတုပြောင်းလဲခြင်းကို အတူလက်တွဲရင်ဆိုင် ဖြေရှင်းရန် ၊ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ကို ပိုမိုကောင်းမွန်အောင်ပြုပြောင်းလဲရန် သဘောတူညီ ခဲ့ကြသည်။

သဘောထားချင်းတူညီပြီး ရပ်တည်ချက်ချင်းတူညီသည့် တရုတ်-ဗြိတိန် နှစ်နိုင်ငံ၏ ရွှေရောင်ခေတ် သစ် ဆက်ဆံရေးသည် ကမ္ဘာ့အတွက် တည်ငြိမ်သည့် အပြုသဘောဆောင်သည့် အင်အားသစ်များ လောင်းဖြည့်ပေးနိုင်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.