Connect with us

Asia

အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက အာရှအားကစားပြိုင်ပွဲအကြို လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုပြုလုပ်


ဂျကာတာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ နှင့် ပါလမ်ဘန်း( Palembang) မြို့နှစ်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲလုံခြုံရေးအတွက် အမြင့်ဆုံးအဆင့် အသင့်ပြင်ဆင်မှုသရုပ်ပြခြင်းတစ်ခုအဖြစ် ကြည်ရေးလေ တပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးဆိုင်ရာလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ တပ်ဖွဲ့သုံးခုမှ အကြမ်းဖက်မှု နှင့် ဓားစာခံဖမ်းဆီးခံရမှှု တန်ပြန်နှိမ်နင်းရေး သရုပ်ပြလေ့ကျင့်မှုကို အဓိကအားကစားပြိုင်ပွဲများကျင်းပမည့် Senayan ကွင်းအတွင်းလေ့ကျင့်ခဲ့ကြသည်။

“ ၂ဝ၁၈ အာရှအားကစားပြိုင်ပွဲလုံခြုံရေးအတွက် ကျွန်တော်တို့အသင့်ပါပဲ။ ဒီစစ်ရေးလေ့ကျင့်မှုကို ဂျကာတာမြို့တစ်ခုတည်းမှာ မဟုတ်ဘဲ ပါလမ်ဘန်းမြို့မှာလည်း ပြုလုပ်သွားမှာပါ” ဟု အင်ဒိုနီးရှားနိုင်ငံကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Eko Margiono က ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လေ့ကျင့်နေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အားကစားပြိုင်ပွဲတစ်လျှောက် ကစားသမားများ၏ တည်ခိုဆောင်များ ၊ ဟိုတယ်များ နှင့် ပြိုင်ပွဲကျင်းပရာလမ်းမများတွင် လုံခြုံရေးများချထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၅၆ဝ ပါဝင်လေ့ကျင့်ခဲ့ပြီး သံသယရှိသူကို ခြေရာခံလိုက်သည့် K9 စနစ်များ အပါအဝင် လက်နက်အမျိုးမျိုး ၊ မော်တော်ကားများ နှင့် ဆက်သွယ်ရေးကိရိယာများ အသုံးပြုခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် သြဂုတ် ၁၈ ရက် မှ စက်တင်ဘာ ၂ ရက်ထိ မြို့နှစ်မြို့တွင် လက်ခံကျင်းပမည့် အာရှအားကစားပြိုင်ပွဲအတွက် အခြေခံအဆောက်အအုံများ နှင့် အသုံးအဆောင် အစီအမံများကို အပြည့်အဝ လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.