Asia
အိန္ဒိယအစိုးရက နယူးဒေလီ မော်တော်ကားပေါက်ကွဲမှုသည် “အကြမ်းဖက်ဖြစ်ရပ်” ဟု ပြစ်တင်ရှုတ်ချ
နယူးဒေလီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အိန္ဒိယအစိုးရသည် နိုဝင်ဘာ ၁၂ ရက်တွင် အဆင့်မြင့်အစိုးရအဖွဲ့ လုံခြုံရေးအစည်းအဝေးကျင်းပကာ ကြေညာချက်ထုတ်ပြန်၍ မြို့တော် နယူးဒေလီတွင် မကြာသေးမီရက်က ဖြစ်ပွားခဲ့သော မော်တော်ကားပေါက်ကွဲမှုကို “ကြောက်မက်ဖွယ်ကောင်းသော အကြမ်းဖက်ဖြစ်ရပ်” တစ်ခုဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။အဆိုပါမော်တော်ကားပေါက်ကွဲမှုဖြစ်ရပ်သည် နိုဝင်ဘာ ၁၀ ရက်ညပိုင်းတွင် နယူးဒေလီမြို့၏ လူစည်ကားသော ရှုခင်းသာနေရာ Red Fort အနီးတစ်ဝိုက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမီဒီယာများ၏ သတင်းဖော်ပြချက်အရ အဆိုပါဖြစ်ရပ်ကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယခုအကြိမ်လုံခြုံရေးအစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Amit Shah ၊ ကာကွယ်ရေးဝန်ကြီး Rajnath Singh စသည်တို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယခုအကြိမ်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသော တရားဝင် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး တင်းမာသည့် စကားအသုံးအနှုန်းများဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ယခုအကြိမ် မော်တော်ကားပေါက်ကွဲမှုသည် “နိုင်ငံတော်ဆန့်ကျင်ရေး အုပ်စုများမှ ကျူးလွန်ခဲ့သည့် ယုတ်ညံ့သော ပြစ်မှု” ဟု ဖော်ပြထားပြီး အိန္ဒိယနိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ အသွင်ပုံစံအားလုံးကို “သည်းခံမှု သုည” မူဝါဒဖြင့် မယိမ်းမယိုင် ခိုင်မာစွာ လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ပေါက်ကွဲမှုဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများအပေါ် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံအသီးသီးမှ ကူညီထုတ်ဖော်ပြောဆိုပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ၎င်းတို့၏ ကြံရာပါများနှင့် ငွေကြေးထောက်ပံ့သူများကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ၎င်းတို့အား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
印度政府谴责新德里汽车爆炸是“恐怖事件”
新华社新德里11月12日电 印度政府12日举行高级别内阁安全会议并发表声明,谴责首都新德里日前发生的汽车爆炸是一起“骇人听闻的恐怖事件”。
这起汽车爆炸事件10日晚发生在新德里热门景点红堡附近,据印度媒体报道,已造成至少13人丧生、20余人受伤。
报道说,印度总理莫迪主持此次安全会议,内政部长阿米特·沙阿、国防部长拉杰纳特·辛格等人出席。会议通过正式决议谴责此次袭击,并发表一份措辞强硬的声明,说此次爆炸是“反国家势力犯下的卑鄙罪行”,重申印度将坚定不移地奉行对一切形式恐怖主义的“零容忍”政策。
声明表示,印度政府对爆炸事件遇难者表示深切哀悼,并向遇难者家属表示慰问。印度政府对各国声援表示感谢,将尽快查明犯罪者及其同伙和资助者,并把他们绳之以法。(完)
图说:11月10日,在印度新德里,警察和消防员聚集在汽车爆炸事发地点周围。新华社发
