Connect with us

Asia

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး သို့ အိန္ဒိယဝန်ကြီးချုပ်တက်ရောက်မည်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) သည် တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး သို့ ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။

လာမည့် ၁၈ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံ့ခေါင်းဆောင်များ ကောင်စီအစည်းအဝေး အား တရုတ်နိုင်ငံ ချင်းသောင်မြို့ ၌ ဇွန် ၉ ရက် နှင့် ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ်တွင် အိန္ဒိယနိုင်ငံက အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ပထမဆုံးကျင်းပသော SCO ထိပ်သီးအစည်းအဝေး ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Raveesh Kumar က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ကာဂျစ်စတန်နိုင်ငံ မြို့တော် အက်စတာနာမြို့ တွင် ၂၀၁၇ခုနှစ်က ကျင်းပသော SCO အစည်းအဝေး၌ ပါကစ္စတန်နိုင်ငံ နှင့် အတူ အိန္ဒိယနိုင်ငံအား အမြဲတမ်းအဖွဲ့ဝင် အဖြစ် လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့အား ၂၀၀၁ခုနှစ်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ တို့ပါဝင်သော အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံ ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။SCO သည် အထင်ရှားဆုံး ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အာရှနှင့် ဥရောပ ဆက်စပ်မြေပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိကာ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိပြီး ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)