Asia
ရုရှား နိုင်ငံ Orenburg ပြည်နယ် တွင် လူနေအိမ် မီးလောင်မှု ဖြစ်ပွားရာ လူ ၇ ဦး သေဆုံး

မော်စကို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ အနောက်တောင်ပိုင်း Orenburg ပြည်နယ် Orsk မြို့ ရှိ နေအိမ်တစ်လုံး ဇန်နဝါရီ ၁ ရက် ၌ မီးလောင်မှု ဖြစ်ပွား ရာ လူ ၇ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။
Orenburg ပြည်နယ် အရေးအပေါ်အခြေအနေ ဌာနချုပ် ၏ ထုတ်ပြန်ကြေညာချက် အရ ကနဦး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သေဆုံးသူများအနက် ၂ ဦး မှာ အမျိုးသား ဖြစ်ပြီး ၂ ဦး မှာ အမျိုးသမီး ဖြစ်ကာ ကျန် ၃ ဦး မှာ ကလေးငယ်များ ဖြစ်ကြကြောင်း ၊ မီးလောင်မှု က လျှပ်စစ်ပစ္စည်း ချို့ယွင်မှုကြောင့် ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပြီး နေအိမ် ၏ မီးဖိုချောင် မှ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် မီးလောင်မှု အား ငြိမ်းသတ် နိုင်ခဲ့ပြီး Orenburg ပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသည့် ဌာနများက စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)