Connect with us

Asia

ကင်ဂျုံအန်း၏ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့်သဘောထားကို တောင်ကိုရီးယားက ကြိုဆို

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်အား ပြုံယမ်းမြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းက နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြား ရာတွင် ကိုရီးယားကျွန်းဆွယ်နျူကလီးယားလုံးဝကင်းစင်ရေးအတွက် ဆက်လက်ကြိုးစား အကောင် အထည်ဖော်သွားမည်ဖြစ်သလို ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် တောင်-မြောက် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် တောင်ကိုရီးယားမှ ကြိုဆိုကြောင်း တောင်ကိုရီးယားအစိုးရ၏ ဇန်နဝါရီ ၁ရက်က ထုတ်ပြန်သည့်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြားချုပ်ဆိုထားသည့် ကြေညာချက်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်၊ကိုရီးယားကျွန်းဆွယ် နျူကလီးယားလုံး၀ ကင်းစင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်သွားရန် ခိုင်မာစွာကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.