Connect with us

Asia

အင်ဒိုနီးရှားတွင် တောင်ပြိုမှုကြောင့် သေဆုံးသူ ဦးရေ ၁၅ ဦးအထိမြင့်တက်လာ


ဂျာကာတာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်၌ လွန်ခဲ့သောလ ၃၁ ရက်က ဖြစ်ပွားခဲ့သော တောင်ပြိုမှု တွင် သေဆုံးသူဦးရေသည် ၁၅ ဦး အထိ ရှိပြီဖြစ်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ ဇန်နဝါရီ ၂ ရက်နေ့ သတင်းများအရ သိရသည်။

ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းအချိန်အထိ တောင်ပြိုမှုကြောင့် သေဆုံးသူ ၁၅ ဦး ၊ မြေပိခံနေရသူ အယောက် ၂၀ နှင့် ဒဏ်ရာရသူ ၃ ဦး ရှိပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho၏ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။

တောင်ပြိုမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

တောင်ပြိုမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ရက်ဆက်မိုးရွာသွန်းမှုများကြောင့် အနောက်ဂျားဗားပြည်နယ် Sukabumiခရိုင်တွင် လွန်ခဲ့သောလ ၃၁ ရက် ညနေပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၃၀ ခန့် ရွှံ့နွံထဲနစ်နေကြောင်းနှင့် သဘာဝဘေးဒဏ်သင့်သူ ၁၀၀ ခန့် ရှိကြောင်း သိရသည်။

အင်ဒိုနီးရှား အမျိုးသား ကယ်ဆယ်ရေးဌာနက ပူးတွဲကယ်ဆယ်ရေးအဖွဲ့များကို အချင်းဖြစ်နေရာသို့ စေလွှတ်ပြီး အရေးပေါ်ကယ်ဆယ်မှုများပြုလုပ်နေသော်လည်း မိုးရက်ဆက်ရွာသွန်းမှု၊ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုနှင့် ဆက်သွယ်ရေးအဆင်မပြေမှုများကြောင့် နှောင့်နှေးနေရကြောင်း ၊ ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေသလို ဒုက္ခသည်များအား ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးတွင် စေတနာဝန်ထမ်းအများအပြား လိုအပ်နေကြောင်း သိရသည်။

Sukabumiခရိုင်ရှိ ကျေးရွာ ၃၃ ခုတွင် တောင်မြေပြိုမှုများ ဖြစ်ပွားနိုင်သောကြောင့် ဒေသခံများ သတိနှင့်နေထိုင်ကြရန် Sutopo Purwo Nugrohoက သတိပေးပြောကြားထားသည်။

နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အထိသည် အင်ဒိုနီးရှားနိုင်ငံ၏ မိုးရာသီဖြစ်ပြီး တောင်ပြိုမှုများ ၊ရေကြီးရေလျှံမှုများ အဖြစ်များသည့် ကာလဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.