ဗီယင်ကျန်း၊ မတ် ၁၄ ရက်(ဆင်ဟွာ) ယခုလ ၁၂ ရက်နေ့သည် တရုတ်-လာအို ရထားလမ်း အပြည့်အဝဖွင့်လှစ်ပြေးဆွဲသည့် ရက် ၁၀၀ ပြည့်မြောက်သောနေ့ ဖြစ်သည်။ယင်းကာလအတွင်း တရုတ်-လာအို ရထားလမ်း လာအိုလမ်းအပိုင်း၏ ခရီးသည်၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စွာ တိုးတက်လာပြီး ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်မှုကဏ္ဍ တစ်နေ့တစ်ခြား ထင်ရှားလာခဲ့သည်။...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) မကြာသေးမီလများက အမေရိကန်၏ အီရန်ရေနံတင်သင်္ဘောများ ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်သည် အီရန်၏ရေနံတိုးမြှင့်တင်ပို့မှုကို ဟန့်တားနိုင်ခဲ့ခြင်းမရှိကြောင်း အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogi က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် အီရန်ရေနံတင်ပို့မှုအား ဟန့်တားရန်အတွက် လွန်ခဲ့သည့်လအနည်းငယ်က အီရန်ရေနံတင်သင်္ဘောများအပေါ် ကျူးလွန်မှုများစွာ...
နယူးဒေလီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မတ် ၁၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားပြီးနောက် လူ ၇ ဦးထက်မနည်း မီးလောင်ကျွမ်းသေဆုံးသွားခဲ့ကြောင်း ဒေလီမီးသတ်ဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီးရှိ တဲအိမ် ၆၀...
ဖနွမ်းပင်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူကြံရာပါဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၄၃ ကီလိုဂရမ်နီးပါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ခေါင်းဆောင်များအကြား မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတ်မှတ်ထားသည့် ထိပ်သီးအစည်းအဝေးအား ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sounry က မတ်...
ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) မတ် ၉ ရက်တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက ကွန်ဆာဗေးတစ် အတိုက်အခံ ပြည်သူ့အင်အားပါတီ (People Power Party) မှ Yoon Suk-yeol အနိုင်ရရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက မတ် ၁၀...
ပြုံးယမ်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံသည် အာကာသသို့ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်သွားမည် ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
တီဟီရန် ၊ မတ် ၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း Shahroud ပြည်နယ်အတွင်းရှိ သဲကန္တရတစ်ခုမှ ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ Noor-2 (Light-2) အမည်ရှိ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်စင်းအား မတ် ၈ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း IRNA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ကိုလံဘို၊ မတ် ၈ ရက် (ဆင်ဟွာ) ကြီးမားသည့် ကမ္ဘာ့အရေးအပြောင်းအလဲ နှင့် မကြာသေးမီက ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုများအပေါ် မူတည်ကာ သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ရူပီး ၂၃၀ အဖြစ်ငွေတန်ဖိုးလျှော့ချခွင့် ပြုခဲ့ကြောင်းသိရသည်။ ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပြည်တွင်းတွင် မက်ခရိုစီးပွားရေးနှင့် ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး...