ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇန်နဝါရီ ၁၁ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ အခြေအနေတို့အပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက်ထုတ်ပြန်ချက်များအရ ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၃၃,၁၆၉ ဦး ရှိရာ ပိုးတွေ့ရှိမှု ၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းကိန်းဂဏန်း ၂ ခုလုံးသည် ဖိလစ်ပိုင်တွင် ကပ်ရောဂါဖြစ်ပွားပြီးနောက် အမြင့်ဆုံးစံချိန်ဖြစ်သည်။
အက်တာနာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ပြည်တွင်း အဓိကရုဏ်းများကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ကာဇက်စတန်နိုင်ငံတွင် ဇန်နဝါရီ ၁၀ ရက်က တစ်ပြည်လုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ကာဇက်စတန်သမ္မတရုံး၊ အစိုးရဌာနအဆင့်ဆင့်နှင့် ပြည်ပအခြေစိုက် ကာဇက်စတန်ဌာနဆိုင်ရာများက နိုင်ငံတော်အလံတစ်ဝက်ချ၍ ဝမ်းနည်းအောက်မေ့ဖွယ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ဘက်ရေပြင်အတွင်းသို့ အမျိုးအမည်မသိဒုံးကျည်တစ်စင်းအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် မြို့တော် ဒါကာမြို့၏ အရှေ့ဘက်ပိုင်းရှိ အဓိကလမ်းကြောင်းတစ်ခုအား လေးလမ်းသွား အမြန်လမ်းအဖြစ် ပြောင်းလဲရန် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့ တစ်ဖွဲ့ နှင့် ဇန်နဝါရီ ၉ ရက်တွင် စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်း...
အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၌ နှစ်သစ်၏ ပထမဆုံး မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ဆီးနှင်းများ ကျရောက်ခြင်းတို့ကြောင့် သေဆုံးသူပေါင်း ၄၁ ဦး ထိရှိခဲ့ကြောင်း ၊ လူရာပေါင်းများစွာကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ခြေများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင်...
ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)
ဖနွမ်းပင်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်အာခါမိုဟာဆီနာပါတိုင်းတဲ့ချိုဟွန်ဆင် (Samdech Techo Hun Sen) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ပြီးနောက် ဇန်နဝါရီ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၇ ရက်တွင် အမေရိကန် စစ်သင်္ဘောတစ်စီး လာရောက်ရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့ကြောင်း ၊ အကြောင်းရင်းမှာ လိုက်ပါလာသော သင်္ဘောအမှုထမ်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်လာမည်ကို စိုးရိမ်မိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။