Connect with us

Asia

ဂျပန်နိုင်ငံတွင် အင်အားပြင်း ငလျင်များ လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၆၂ ဦးအထိရှိလာ

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ နာနာအိုမြို့တွင် ပြိုကျနေသော နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်းနှင့် အနီးဝန်းကျင်တွင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စု၌ ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ သေဆုံးသူအရေအတွက်မှာ ၆၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊ နောက်ဆက်တွဲငလျင်များနှင့် ပျက်စီးမှုသတင်းများမှာလည်း ထွက်ပေါ်လာလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ရှီကာမြို့ရှိ မူလတန်းကျောင်းတွင် ခိုလှုံနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ရှီကာမြို့ရှိ မူလတန်းကျောင်းတွင် ခိုလှုံနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ရှီကာမြို့ရှိ မူလတန်းကျောင်းတွင် ခိုလှုံနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ရှီကာမြို့ရှိ မူလတန်းကျောင်းတွင် ခိုလှုံနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် နိုတိုကျွန်းဆွယ်ရှိ အနက်တိမ်သောနေရာတွင် အင်အား ၅.၅ အဆင့်ရှိသော ငလျင်တစ်ခုလည်း ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀:၅၄ နာရီက လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁ ရက်က အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ပေါ်တွင် အနက်တိမ်သောနေရာ၌ အင်အား ၇.၆ အဆင့်ရှိသော ငလျင်အပါအဝင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကို ၂၀၂၄ ခုနှစ် နိုတိုကျွန်းဆွယ်ငလျင်ဟု ဂျပန်မိုးလေဝသအေဂျင်စီက တရားဝင်အမည်ပေးခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်ပင်လယ်တစ်လျှောက် ဆူနာမီအကြံပြုချက်များအားလုံးကို ဂျပန် မိုးလေဝသအေဂျင်စီက ရုပ်သိမ်းခဲ့ကြောင်း၊ သို့ရာတွင် လာမည့်သီတင်းပတ် အထူးသဖြင့် လာမည့် နှစ်ရက်မှ သုံးရက်အတွင်း အားကောင်းသော နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက သတိပေးထားသည်။
ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှစ၍ ငလျင် ၁၅၅ ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Death toll rises to 62 in strong Japan quakes as aftershocks continue
TOKYO, Jan. 3 (Xinhua) — The death toll has risen to 62 in the central Japanese prefecture of Ishikawa as of 8 a.m. local time on Wednesday, after a series of powerful earthquakes hit the area in central Japan and the vicinity, with aftershocks and more damage reports coming in.
A 5.5-magnitude earthquake struck off the Noto Peninsula at 10:54 a.m. local time on Wednesday at a depth of 10 km, according to the Japan Meteorological Agency (JMA).
A series of strong earthquakes, with a major one of preliminary 7.6 magnitude, occurred on Monday at a shallow depth on the Noto Peninsula in Ishikawa prefecture. The JMA has officially named it the 2024 Noto Peninsula Earthquake.
The JMA has lifted all tsunami advisories along the Sea of Japan following the quake, but weather officials warned that strong aftershocks may occur in the week, especially over the next two to three days.
Since Monday, Japan has been hit by at least 155 quakes.
Photo 1: This photo taken on Jan. 3, 2024 shows a collapsed house in Nanao, Ishikawa prefecture. (Xinhua/Zhang Xiaoyu)
Photo 2, 3, 4, 5: People take refuge at a primary school in Shika, Ishikawa prefecture, Japan, Jan. 2, 2024. (Xinhua/Zhang Xiaoyu)