ဆိုးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းက ၎င်း၏ အစိုးရအဖွဲ့ ပထမ ၅ နှစ်သက်တမ်းကုန်ဆုံးမည့် မေလထိတိုင်အောင် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ရပ်တန့်ပစ်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်တိုးတက်မှုသည် အမေရိကန်၏ ဒေသဆိုင်ရာစစ်ရေးအစီအစဉ်အား စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း အမေရိကန်နိုင်ငံရေးကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို အီရန်နိုင်ငံ Press TV သတင်းကွန်ရက်က ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ပိုင်ငွေကြေးများကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ဇန်နဝါရီ ၂ ရက်က ကဘူးလ်မြို့လမ်းမများပေါ် တက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဖဂန်ငွေများထိန်းချုပ်ထားခြင်းကို ဖြေလွှတ်ပေးရန် အမေရိကန်အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ရပ်ဆိုးအား အမြင့်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ အာဏာပိုင်များက စနေနေ့တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တန်ချိန် ၃၀၀,၀၀၀ ကျော်လွန်ခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအကြား ဆန်စပါးကဏ္ဍတွင် နောက်ထပ်သမိုင်းမှတ်တိုင် ဖြစ်လာကြောင်း တရုတ်နိုင်ငံ အသိအမှတ်ပြုလက်မှတ် နှင့် စစ်ဆေးရေးအဖွဲ့(CCIC)၏ ကမ္ဘောဒီးယားရုံးခွဲက ဇန်နဝါရီ ၁...
နန်နင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက် သည် ဇန်နဝါရီ ၁ ရက်တွင် စတင် အသက်ဝင်လာခဲ့ပြီးနောက် RCEP သဘောတူညီချက်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီ ၁ ရက် အစောပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကုန်စည်ပို့ဆောင်ပေးမည့်...
ကူမင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် မူးယစ်ဆေးဝါး၊မှောင်ခိုကူးမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားစသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြင်းထန်စွာ နှိမ်နင်းရေး အထူးပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၈,၃၂၅ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး...
ဟနွိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) ကူးစက်ခံရသူ ၁၄ ဦး ကို ထပ်မံတွေ့ရှိခဲ့သည် ဟု ဗီယက်နမ်နိုင်ငံကျန်းမာရေးအာဏာပိုင်များမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၅ ဦးရှိပြီဖြစ်ကြောင်း ဗီယက်နမ်...
ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဝင် ၁၀ နိုင်ငံတို့သည် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးနောက် အောင်မြင်၍ အားမာန်ပြည့်ဝသော နှစ်ဘက်ဆက်ဆံရေး၏ ဥပမာကောင်းကို ချမှတ်လျက်ရှိပြီး အခွင့်အလမ်းသစ်များပြည့်လျှံနေသော စတင်မှတ်အသစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင်...
ဂျကာတာ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ဘန်ဒါပင်လယ်တွင် ဒီဇင်ဘာ ၃၀ ရက်က ပြင်းအား ၇.၃ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီ (BMKG) အရ သိရသည်။ အင်ဒိုနီးရှား အနောက်တောင်ပိုင်း မာလူကူကျွန်းတွင် နေအိမ်နှစ်လုံး...