ပြုံယမ်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် စက်တင်ဘာ ၃၀ ရက်က အသစ်တီထွင်ထုတ်လုပ်ထားသော လေယာဉ်ပစ်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဂ်ဟာလာယာပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျသဖြင့် လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Power Construction Corporation of China (PowerChina) က တည်ဆောင်ထားသော Nam Ou River Cascade ရေအားလျှပ်စစ်စီမံကိန်း၏ စက်ရုံ ၇ ခုလုံး စွမ်းအင်လည်ပတ်မှု အပြည့်အဝ စတင်ဆောင်ရွက်ရေး အခမ်းအနားကို...
ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြောက်ကိုရီယား ကာကွယ်ရေး သိပ္ပံအကယ်ဒမီက အသစ်တီထွင် ထုတ်လုပ်ထားသော အသံထက်မြန်သည့်ဒုံးကျည်သစ် Hwasong-8 ကို Jagangပြည်နယ် Ryongrimကောင်တီ Toyang-riတွင် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KCNA သတင်းဌာန ၏ စက်တင်ဘာ...
မနီလာ ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Sur ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု၌ စက်တင်ဘာ ၂၆ ရက်တွင် ထွက်ပြေးရန် ကြိုးပမ်းသည့် အကျဉ်းသားများအား အကျဉ်းထောင်အစောင့်များက ပစ်ခတ်ဖမ်းဆီးစဉ်အတွင်း အကျဉ်းသား ၄ ဦး သေဆုံးသွားကြောင်း ထောင်အာဏာပိုင်များက ပြောကြားခဲ့သည်။...
ခတ္တမန္ဒူ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံက ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထလာစေရန် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော ပြည်ပခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှုကို စက်တင်ဘာ ၂၃ ရက်က ပြန်လည်စတင်လိုက်ကြောင်း သိရသည်။