Connect with us

Asia

တရုတ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အဆင့်မြင့်အရာရှိများက ပူးပေါင်းဆောင်ရွက်မှုထပ်မံချဲ့ထွင်ရေး သဘောတူ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနေရာကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် မေ ၂၅ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ထောက်ဝန်ကြီး နုန်ရုန် နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အခြား အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး၏ ကိုယ်စားလှယ်များလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

နှစ်ဘက်အနေဖြင့် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ကောင်းမွန်သောအရှိန်အဟုန်အပေါ် အပြုသဘောဆောင်သည့် မှတ်ချက်ပြုခဲ့ကြသည်။ ၎င်းတို့သည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပေါ်ထွန်းစစီးပွားရေးလုပ်ငန်းများ၊ စွမ်းအင်သစ်၊ ငွေကြေးနှင့် ဘဏ္ဍာရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောလုံခြုံရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းသစ်များ ရှာဖွေနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး နုန်ရုန်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၊ ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာ့ယဉ်ကျေးမှုအဆိုပြုချက်နှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှုကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် နီးကပ်သော ကံကြမ္မာအကျိုးတူ တရုတ်-အာဆီယံ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး ကြိုးပမ်းရန် ရည်ရွယ်ထားကြောင်း နုန်ရုန်က ဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစည်းအဝေးတက်ရောက်လာသူများကလည်း တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ အဆင့်မြှင့်တင်မှု တိုးမြှင့်လုပ်ဆောင်ရန်၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ကွန်ရက်ချိတ်ဆက်မှုနှင့် ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

………………………………
(English Version)
Senior Chinese, ASEAN countries’ officials agree on further cooperation။

SHENZHEN, May 25 (Xinhua) — The 29th ASEAN-China Senior Officials’ Consultation was held on Thursday in the city of Shenzhen in south China’s Guangdong Province.
The meeting was co-chaired by Nong Rong, assistant minister of foreign affairs of China, and Chan Aye, permanent secretary of the Ministry of Foreign Affairs of Myanmar. Senior officials and representatives of other Association of Southeast Asian Nations (ASEAN) countries, and representatives of the ASEAN Secretariat were also in attendance.
The two sides commented positively on the good momentum of the China-ASEAN comprehensive strategic partnership. They exchanged views on promoting future cooperation, and on international and regional issues of common interest.
Nong said that the Chinese side hopes to work with ASEAN countries to explore new opportunities for cooperation in fields such as emerging industries, new energy, currency and finance, traditional and non-traditional security, and cultural and people-to-people exchanges.
Nong said China also aims to enhance the synergy between the Global Development Initiative, the Global Security Initiative, the Global Civilization Initiative and ASEAN’s community building, and strive to build a closer China-ASEAN community with a shared future.
Attendees from ASEAN countries expressed their willingness to join hands with China to promote the upgrading of the China-ASEAN Free Trade Area, and deepen cooperation in the fields of green development, the digital economy, connectivity and sustainable agriculture.
Photo: People walk out of the venue of the 18th China-ASEAN Expo in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 11, 2021. (Xinhua/Lu Boan)