အစ္စလမ်မာဘတ် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့၌ စက်တင်ဘာ ၂၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လမ်းများပေါ်တွင် ယာဉ်အသွားအလာပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသားကာကွယ်ရေးတက္ကသိုလ် (NDA) သို့ အမျိုးသမီးများဝင်ရောက်ခွင့်အား နောက်နှစ်မေလအထိရွှေ့ဆိုင်းရန် ဖက်ဒရယ်အစိုးရ၏ တောင်းဆိုချက်ကို အိန္ဒိယထိပ်တန်းတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင်ပယ်ချခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက မြို့တော်ဘန်ကောက် နှင့် အခြား အဓိက ခရီးသွားနေရာများတွင် ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းထားသည့််ပမာဏထက်များစွာ နောက်ကျ ကျန်ရစ်နေသဖြင့် ယင်းနေရာများအား နိုင်ငံခြားခရီးသွားများ ပြန်လည်ဖွင့်လှစ်မှုကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းရန် စီစဉ်လိုက်ကြောင်း သိရသည်။
ကူမင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှု အစီအစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
မနီလာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက ဆင်းရဲသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးရှားပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် ချမ်းသာသောနိုင်ငံများက COVID-19 ကာကွယ်ဆေး သိုလှောင်ထားရန် “တစ်ကိုယ်ကောင်းဆန်သော” အစီအစဉ်ကို စက်တင်ဘာ ၂၂ ရက်က ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဂျကာတာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ ရထားသံလမ်းနောက်ဆုံးအသုတ် တန် ၆,၆၀၀ မှာ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ Cilacap ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ရထားလမ်း တည်ဆောက်ရေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်...
မနီလာ၊ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့် ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ် မန်နီ ပတ်ကွီယို (Manny Pacquiao) က ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။
ဒူရှန်ဘီ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ် ၊ ရုရှား ၊ ပါကစ္စတန် နှင့် အီရန်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများသည် အာဖဂန်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် စက်တင်ဘာ ၁၆ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။