Connect with us

Asia

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံများကအနိုင်ရရှိပြီးနောက် ယာယီညွန့်ပေါင်းအဖွဲ့ ဖွဲ့ရန် Move Forward Party ကြိုးပမ်းလျက်ရှိ

ထိုင်းနိုင်ငံ၊ Move Forward Party ၏ ဝန်ကြီးချုပ်လောင်း ဖြစ်သူ Pita Limjaroenrat က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Move Forward Party ရုံးချုပ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေသည်ကို ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရားဝင်မဟုတ်သေးသော မဲရေတွက်မှုရလဒ်များအရ အောက်လွှတ်တော် နေရာအများစုကို အတိုက်အခံများက အနိုင်ရရှိခဲ့သဖြင့် Move Forward ပါတီအနေဖြင့် အခြားအတိုက်အခံပါတီများနှင့် အစိုးရဖွဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonpracong က သတင်းထောက်များကို ဖြေကြားနေမှုအား ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ Move Forward Party ၏ ဝန်ကြီးချုပ်လောင်း ဖြစ်သူ Pita Limjaroenrat က ဘန်ကောက်မြို့ရှိ၊ Move Forward Party ရုံးချုပ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာမှုအား ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လူငယ်မဲဆန္ဒရှင်များကြားတွင် အခြေခိုင်သော Move Forward ပါတီသည် အမတ်နေရာ ၁၅၁ နေရာဖြင့် အောက်လွှတ်တော်တွင် နေရာအများစုအနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ လူကြိုက်အများဆုံး အခြား အဓိက အတိုက်အခံပါတီဖြစ်သော Pheu Thai ပါတီ က အမတ် ၁၄၁ နေရာ အနိုင်ရရှိခဲ့သည်။

မေ ၁၄ ရက်က ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၅၂ သန်းအနက် ၇၅ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၄၂ နှစ်အရွယ်ရှိ Move Forward ပါတီ၏ ခေါင်းဆောင် ဖြစ်သော Pita Limjaroenrat က ၎င်းအနေဖြင့် အစိုးရဖွဲ့ရန် ယခင်က အတိုက်အခံဖြစ်ခဲ့သော Pheu Thai ပါတီနှင့် အခြားပါတီများကို ဖိတ်ကြားခဲ့ကြောင်း မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Thailand’s Move Forward Party seeks coalition after oppositions win majority in general election
BANGKOK, May 16 (Xinhua) — Thailand’s Move Forward Party is seeking to form a coalition government with other opposition parties as unofficial vote counting results showed the oppositions have won the majority of seats in the lower house of parliament.
The Move Forward Party, with a strong base among young voters, emerged as the largest party in the House of Representatives with 151 seats, ahead of the other major opposition and pre-election favorite Pheu Thai Party which won 141 seats.
More than 75 percent of the 52 million eligible voters cast their ballots in the general election held on Sunday, according to the Election Commission.
Pita Limjaroenrat, the 42-year-old leader of the Move Forward Party, said Monday that he has invited Pheu Thai Party and several other parties previously in the opposition to form the government.
(1)Pita Limjaroenrat, the prime minister candidate from the Move Forward Party of Thailand, speaks at a press conference at the Move Forward Party headquarters, in Bangkok, Thailand, May 14, 2023. (Xinhua/Rachen Sageamsak)
(2) Ittiporn Boonpracong, chairman of the Election Commission of Thailand, speaks to media in Bangkok, Thailand on May 15, 2023. (Xinhua/Lin Hao)
(3)Pita Limjaroenrat, the prime minister candidate from the Move Forward Party of Thailand, attends a press conference at the Move Forward Party headquarters, in Bangkok, Thailand, May 14, 2023.(Xinhua/Rachen Sageamsak)